9. ``မရဏနိုင်ငံသည် ဗာဗုလုန်ဘုရင်အားကြို ဆိုလက်ခံရန်အသင့်ပြင်ဆင်လျက်နေ၏။ ကမ္ဘာ မြေကြီးပေါ်တွင်ရှိစဉ်အခါကတန်ခိုးကြီး မားခဲ့သူတို့၏နာမ်ဝိညာဉ်များသည် လှုပ်ရှား သွားလာလျက်နေကြ၏။ ဘုရင်တို့၏ဝိညာဉ် များသည်လည်း မိမိတို့ရာဇပလ္လင်များမှ တက်ကြွလျက်နေကြ၏။-
10. သူတို့အားလုံးကဗာဗုလုန်ဘုရင်အား`သင် သည်ယခုအခါ၊ ငါတို့ကဲ့သို့ချည့်နဲ့လျက်နေ ပါပြီတကား၊ ငါတို့လူစုတွင်အပါအဝင် ဖြစ်လေပြီတကား။-
11. အခါတစ်ပါးကသင်သည်စောင်းသံများ ဖြင့်ဂုဏ်ပြုဖျော်ဖြေခြင်းကိုခံခဲ့ရသော် လည်း ယခုအခါမရဏနိုင်ငံသို့ရောက်ရှိ နေပါပြီတကား။ လောက်ကောင်များကိုအိပ် ရာလုပ်၍လဲလျောင်းကာတီကောင်များကို စောင်လုပ်၍ခြုံရလေပြီတကား' ဟုဟစ် အော်ပြောဆိုကြ၏။''
12. အို နံနက်အရုဏ်၏သား၊ ဗာဗုလုန်ဘုရင်၊ ထွန်း လင်းတောက်ပသည့်မိုးသောက်ကြယ်၊ သင်သည် မိုးကောင်းကင်မှပြုတ်ကျရလေပြီ။ အတိတ် ကာလကသင်သည်လူမျိုးတကာကိုနှိမ် နင်းခဲ့၏။ သို့ရာတွင်ယခုအခါ၌မြေ ပေါ်သို့ပစ်ချခြင်းကိုခံရလေပြီ။-
13. သင်သည်မိုးကောင်းကင်သို့အရောက်တက်၍ အမြင့်ဆုံးသောကြယ်များ၏အထက်တွင် မိမိ၏ရာဇပလ္လင်ကိုတည်ထားရန်သံန္နိဋ္ဌာန် ပြုခဲ့၏။ သင်သည်နတ်ဘုရားတို့စုဝေးရာ မြောက်အရပ်ရှိတောင်တော်ပေါ်တွင်ဘုရင် တစ်ပါးပီပီထိုင်နေရလိမ့်မည်ဟုထင်မှတ် ခဲ့၏။-
14. ``ငါသည်မိုးတိမ်များပေါ်သို့တက်၍အနန္တ တန်ခိုးရှင်နှင့်တူအောင်ပြုမည်'' ဟုဆင့်ဆို ခဲ့၏။-
15. သို့ရာတွင်ထိုသို့ဖြစ်မည့်အစားသင်သည် မရဏနိုင်ငံတွင်အနက်ရှိုင်းဆုံးသောအရပ် သို့ရောက်ရှိလျက်နေရ၏။
16. သူသေတို့သည်သင့်ကိုအကြောင်သားငေး၍ ကြည့်နေကြလိမ့်မည်။ သူတို့က``ကမ္ဘာကိုတုန် လှုပ်စေ၍တိုင်းနိုင်ငံတို့ကိုချောက်ချားစေ သောသူကားဤသူပင်လော။-
17. မြို့များကိုပျက်ပြုန်းစေ၍ကမ္ဘာလောက ကို သဲကန္တာရဖြစ်စေသူကားဤသူပင်လော။ အကျဉ်းသမားတို့ကိုအစဉ်ချုပ်နှောင်ထား ကာ မိမိတို့နေရပ်သို့ပြန်၍မလွှတ်ဘဲနေ သူကားဤသူပင်လော'' ဟုမေးမြန်းကြ လိမ့်မည်။
18. ကမ္ဘာမြေပေါ်ရှိဘုရင်အပေါင်းတို့သည် မိမိ တို့၏လှပသောသင်္ချိုင်းများတွင်လဲလျောင်း လျက်ရှိကြ၏။-
19. သို့ရာတွင်သင့်မှာမူသင်္ချိုင်းမရှိ။ ပုပ်ပျက်စေ ရန်သင်၏အလောင်းကိုစွန့်ပစ်ထားလိုက်ကြ လေပြီ။ ထိုအလောင်းသည်တိုက်ပွဲတွင်ကျ ဆုံးသည့်အသေကောင်များနှင့်ဖုံးလျက်၊ ဋ္ဌားနှင့်ထိုးဖောက်ခံရ၍ကျောက်တွင်းထဲ သို့ပစ်ချကျော်နင်းခြင်းကိုခံရ၏။-
20. သင်သည်မိမိ၏တိုင်းပြည်ကိုပျက်ပြုန်းစေ၍ ကိုယ့်ပြည်သူတို့ကိုသတ်ဖြတ်ပစ်သည်ဖြစ်၍ အခြားဘုရင်များကဲ့သို့သင်္ဂြိုဟ်ခြင်းကို ခံရလိမ့်မည်မဟုတ်။ သင်၏ဆိုးညစ်သော အမျိုးအနွယ်ဝင်တို့သည်လည်း တစ်ဦးတစ် ယောက်မျှအသက်မသေဘဲကျန်ရစ်လိမ့် မည်မဟုတ်။-
21. ဘိုးဘေးတို့၏အပြစ်ကြောင့်သားတို့အား ကွပ် မျက်မှုကိုအစပြုကြစေ။ ဤဘုရင်၏သား မြေးတို့အနက်အဘယ်သူမျှကမ္ဘာမြေပေါ် တွင်အုပ်စိုးခွင့်ကိုရရှိကြလိမ့်မည်မဟုတ်။
22. အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါသည် ဗာဗုလုန်မြို့ကိုတိုက်ခိုက်၍ပျက်စီးယိုယွင်း စေမည်။ ထိုမြို့တွင်ရှိသမျှသောအရာတို့ကို ဖျက်ဆီးပစ်မည်။ ကလေးသူငယ်များပင်လျှင် အသက်မသေဘဲကျန်ရှိလိမ့်မည်မဟုတ်။-
23. ငါသည်ဗာဗုလုန်မြို့ကိုညွန်ပျောင်းဖြစ်စေ ၍၊ ဇီးကွက်တို့သည်ထိုအရပ်တွင်နေကြလိမ့် မည်။ ငါသည်တံမြက်လှည်းသူကဲ့သို့ဗာဗုလုန် မြို့မှရှိသမျှသောအရာတို့ကိုသုတ်သင် ပယ်ရှင်းမည်။ ဤကားအနန္တတန်ခိုးရှင်ငါ ထာဝရဘုရားမြွက်ဟသည့်စကားပင် ဖြစ်၏'' ဟုမိန့်တော်မူ၏။
24. အနန္တတန်ခိုးရှင်ထာဝရဘုရားကကျိန် ဆိုလျက်``ငါအကြံအစည်ပြုထားသည့် အမှုအရာတို့သည်ဖြစ်ပျက်ကြလိမ့်မည်။ သန္နိဋ္ဌာန်ချမှတ်ထားသည့်အတိုင်းဖြစ်ပျက် ရကြလိမ့်မည်။-
25. ငါသည်မိမိ၏ဣသရေလပြည်တော်တွင် အာရှုရိအမျိုးသားတို့အားသုတ်သင်ဖျက် ဆီး၍၊ ငါ၏တောင်ရိုးများအပေါ်တွင်သူ တို့ကိုခြေနှင့်ကျော်နင်းပစ်မည်။ ငါ၏လူမျိုး တော်အား သူတို့ထမ်းရကြသည့်ထမ်းပိုး နှင့်ဒုက္ခဝန်ထုပ်များမှလွတ်မြောက်စေမည်။-