7. ဤအခါကျမှကမ္ဘာတစ်ခုလုံးသည် ငြိမ် သက်အေးချမ်းလျက်လူအပေါင်းတို့သည် လည်းရွှင်ပြစွာသီချင်းဆိုရကြ၏။-
8. လေဗနုန်တောမှထင်းရှူးပင်များနှင့်အာရစ် ပင်(သစ်ကတိုး) တို့ကသင်ကျဆုံးပြီဖြစ် ၍ငါတို့အားခုတ်လှဲမည့်သူမရှိတော့ဟု ဆို၍ဗာဗုလုန်ဘုရင်ကျဆုံးမှုအတွက် ရွှင်လန်းဝမ်းမြောက်ကြကုန်၏။
9. ``မရဏနိုင်ငံသည် ဗာဗုလုန်ဘုရင်အားကြို ဆိုလက်ခံရန်အသင့်ပြင်ဆင်လျက်နေ၏။ ကမ္ဘာ မြေကြီးပေါ်တွင်ရှိစဉ်အခါကတန်ခိုးကြီး မားခဲ့သူတို့၏နာမ်ဝိညာဉ်များသည် လှုပ်ရှား သွားလာလျက်နေကြ၏။ ဘုရင်တို့၏ဝိညာဉ် များသည်လည်း မိမိတို့ရာဇပလ္လင်များမှ တက်ကြွလျက်နေကြ၏။-