3. ရေကောင်းရေသန့်သည်ရေငတ်သူတို့အား ရွှင်ပြစေသကဲ့သို့ဘုရားသခင်၏လူမျိုးတော်သည်၊ကိုယ်တော်ကယ်တင်တော်မူသောအခါ ရွှင်လန်းဝမ်းမြောက်လိမ့်မည်။
4. ထာဝရဘုရားအားထောမနာပြုကြလော့။ ကူမတော်မူရန်တောင်းလျှောက်ကြလော့။ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို လူမျိုးတကာတို့အားပြောကြားကြလော့။ကိုယ်တော်၏ကြီးမြတ်တော်မူပုံကို သူတို့အားပြောကြားကြလော့'' ဟုလူတို့သီဆိုကူးဧမည့်အချိန်ကာလ ကျရောက်လာလိမ့်မည်။
5. ``ကိုယ်တော်ပြုတော်မူသောကြီးမြတ်သည့် အမှုတော်တို့အတွက်ထာဝရဘုရား၏ဂုဏ်တော်ကိုချီးကူး သီဆိုကြလော့။ကမ္ဘာသူကမ္ဘာသားအပေါင်းတို့အား ထိုသတင်းကိုကြေညာကြလော့။
6. ဇိအုန်မြို့သူမြို့သားအပေါင်းတို့အား ကြွေးကြော်သီဆိုစေကြလော့။ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သည်ကြီးမြတ်တော်မူ၍၊မိမိလူမျိုးတော်အလယ်၌ကျိန်းဝပ်တော် မူ၏။''