ဟေ​ရှာ​ယ 10:6-13 Common Language Bible (BCL)

6. ဘု​ရား​မဲ့​လူ​မျိုး၊ ငါ​၏​အ​မျက်​တော်​ကို​လှုံ့ ဆော်​ပေး​သည့်​လူ​တို့​အား​တိုက်​ခိုက်​ရန်​အာ ရှု​ရိ​အ​မျိုး​သား​တို့​ကို​ငါ​စေ​လွှတ်​ခဲ့​၏။ သူ​တို့​သည်​လု​ယက်​ခိုး​ဝှက်​ကာ​ထို​လူ​စု​ကို မြေ​မှုန့်​သ​ဖွယ် လမ်း​များ​ပေါ်​တွင်​ကျော်​နင်း ကြ​စေ​ရန်​ငါ​စေ​လွှတ်​ခဲ့​သ​တည်း'' ဟု မိန့်​တော်​မူ​၏။

7. သို့​ရာ​တွင်​အာ​ရှု​ရိ​ဘု​ရင်​သည်​အ​ကြမ်း​ဖက် လို​သ​ဖြင့် မိ​မိ​ကိုယ်​ပိုင်​အ​ကြံ​အ​စည်​များ ကို​ပြု​လုပ်​ထား​လေ​သည်။ သူ​သည်​တိုင်း​နိုင်​ငံ အ​မြောက်​အ​မြား​ကို​ဖျက်​ဆီး​ပစ်​ရန်​သန္နိ ဋ္ဌာန်​ချ​ကာ၊-

8. ``ငါ​၏​တပ်​မှူး​မှန်​သ​မျှ​တို့​သည်​ဘု​ရင် များ​ဖြစ်​ကြ​ပါ​သည်​တ​ကား။-

9. ကာ​လ​နော​မြို့​နှင့်​ခါ​ခေ​မိတ်​မြို့၊ ဟာ​မတ်​မြို့ နှင့်​အာ​ပဒ်​မြို့၊ ရှ​မာ​ရိ​မြို့​နှင့်​ဒ​မာ​သက်​မြို့ တို့​ကို​ငါ​နှိမ်​နင်း​ခဲ့​၏။-

10. ရုပ်​တု​ကိုး​ကွယ်​သည့်​တိုင်း​ပြည်​များ​ကို​အ​ပြစ် ဒဏ်​ပေး​ရန် ငါ​သွား​ရောက်​ခဲ့​၏။ ထို​တိုင်း​ပြည် တွင် ယေ​ရု​ရှ​လင်​မြို့​နှင့်​ဒ​မာ​သက်​မြို့​များ မှာ​ထက် ရုပ်​တု​ဆင်း​တု​ပေါ​များ​သည်​သာ တည်း။-

11. ရှမာရိ​မြို့​ကို​ရုပ်​တု​ဆင်း​တု​များ​နှင့်​တ​ကွ ငါ သုတ်​သင်​ဖျက်​ဆီး​ပြီး​လေ​ပြီ။ ယေ​ရု​ရှ​လင် မြို့​နှင့်​ထို​မြို့​သား​တို့​ဝတ်​ပြု​ကိုး​ကွယ်​သည့် ရုပ်​တု​များ​ကို​လည်း ထို​နည်း​တူ​ငါ​ပြု​မည်'' ဟု​ဝါ​ကြွား​၏။

12. သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဇိ​အုန် တောင်​နှင့်​ယေ​ရု​ရှ​လင်​မြို့​တွင်​ဆောင်​ရွက်​ရန် အ​မှု​ပြီး​စီး​သော​အ​ခါ၊ အာ​ရှု​ရိ​ဘု​ရင် အား မိ​မိ​၏​ဝါ​ကြွား​မှု​နှင့်​မာန်​မာ​န​ကြီး မှု​တို့​အ​တွက်​အ​ပြစ်​ဒဏ်​ခတ်​မည်'' ဟု​မိန့် တော်​မူ​၏။

13. အာ​ရှု​ရိ​ဘု​ရင်​က``ဤ​အ​မှု​ကို​ငါ​ကိုယ်​တိုင် ပြု​ခဲ့​၏။ ငါ​သည်​ခွန်​အား​ကြီး​၏။ ပ​ညာ​ရှိ​၍ တတ်​သိ​လိမ္မာ​၏။ တိုင်း​နိုင်​ငံ​တို့​၏​နယ်​နိ​မိတ် ကို​ဖယ်​ရှား​ပြီး​လျှင် သူ​တို့​သို​လှောင်​ထား​သည့် ရိက္ခာ​များ​ကို​သိမ်း​ယူ​ခဲ့​၏။ ထို​တိုင်း​နိုင်​ငံ များ​တွင်​နေ​ထိုင်​သူ​တို့​အား ငါ​သည်​နွား နင်း​သ​ကဲ့​သို့​နင်း​ချေ​ပစ်​ခဲ့​၏။-

ဟေ​ရှာ​ယ 10