18. သေစေတတ်သောအနာရောဂါကြောင့်လူ သည်ဆုံးပါးပျက်စီးသွားရသည်နည်းတူ စိမ်းလန်းစိုပြေသောသစ်တောများနှင့်လယ် ယာများသည်လုံးဝပျက်ပြုန်း၍သွားရ ကြလိမ့်မည်။-
19. သစ်ပင်များအနည်းငယ်မျှသာကျန်ရှိ တော့မည်ဖြစ်၍ ယင်းတို့ကိုကလေးသူငယ် ပင်လျှင်ရေတွက်၍ကြည့်နိုင်လိမ့်မည်။
20. အသက်မသေဘဲကျန်ရှိနေကြသည့်ဣသ ရေလပြည်သူတို့သည် မိမိတို့အားလုံးနည်း ပါးသုတ်သင်ဖျက်ဆီးခဲ့သည့်လူမျိုးကို အား မကိုးတော့မည့်အချိန်ကာလကျရောက်လာ လိမ့်မည်။ သူတို့သည်ဣသရေလအမျိုးသား တို့၏သန့်ရှင်းမြင့်မြတ်တော်မူသော ဘုရားသခင်ထာဝရဘုရားကိုအမှန်တကယ် ယုံကြည်ကိုးစားကြလိမ့်မည်။-
21. ဣသရေလပြည်သူအချို့တို့သည်လည်း မိမိတို့၏တန်ခိုးတော်ရှင်ဘုရားသခင် ၏အထံတော်သို့ပြန်လာကြလိမ့်မည်။-
22. ယခုအခါ၌ဣသရေလအမျိုးသားတို့ သည် သမုဒ္ဒရာသဲလုံးနှင့်အမျှများသော် လည်း အချို့သာလျှင်အထံတော်သို့ပြန် လာကြလိမ့်မည်။ ဘုရားသခင်သည်သူတို့ အားသုတ်သင်ဖျက်ဆီးပစ်ရန် စီမံထားပြီး ဖြစ်ပေသည်။ သူတို့သည်လည်းယင်းသို့သုတ် သင်ဖျက်ဆီးခြင်းကိုလုံးဝခံထိုက်ကြ သတည်း။-
23. အနန္တတန်ခိုးရှင်ထာဝရဘုရားသည်မိမိ မိန့်တော်မူခဲ့သည့်အတိုင်း တစ်ပြည်လုံးကို အမှန်ပင်သုတ်သင်ဖျက်ဆီးပစ်တော်မူ လိမ့်မည်။
24. အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ဇိအုန် မြို့တွင်နေထိုင်ကြသူ မိမိတို့၏လူမျိုးတော် အား``အာရှုရိအမျိုးသားတို့သည်အီဂျစ် အမျိုးသားတို့နည်းတူ သင်တို့အားဖိနှိပ် ကြသော်လည်း သင်တို့သည်သူတို့ကိုမ ကြောက်ကြနှင့်။-
25. သင်တို့အားအပြစ်ဒဏ်ခတ်ပြီးနောက် မကြာမီပင်ငါသည်သူတို့အားသုတ် သင်ပယ်ရှင်းမည်။-
26. အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် သြရဘကျောက်အနီးတွင် မိဒျန်အမျိုးသား တို့အားငါ၏နှင်တံနှင့်ရိုက်ဆုံးမခဲ့သည် နည်းတူသူတို့ကိုလည်းရိုက်ဆုံးမမည်။ ငါ သည်အီဂျစ်အမျိုးသားတို့အားဆင်းရဲ ဒုက္ခရောက်စေခဲ့သည့်နည်းတူ သူတို့ကို လည်းဆင်းရဲဒုက္ခရောက်စေမည်။-
27. ထိုအချိန်ကာလကျရောက်လာသောအခါ ငါသည်သင်တို့အားအာရှုရိအမျိုးသား တို့၏လက်မှလွတ်မြောက်စေမည်။ သင်တို့ ၏ပခုံးပေါ်တွင်ဝန်ထုပ်ဝန်ပိုးဖြစ်တော့ မည်မဟုတ်။ သင်တို့သည်အလွန်ဝဖြိုး လာသောကြောင့် သင်တို့၏ထမ်းပိုးများ ကျိုးကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
28. ရန်သူများသည်အာရပ်မြို့သို့ရောက်ရှိနေ ကြ၏။ သူတို့သည်မိဂရုန်မြို့ကိုဖြတ်သန်း ၍လာခဲ့ကြ၏။ မိမိတို့၏စားနပ်ရိက္ခာများ ကိုမိတ်မတ်မြို့တွင်ထားခဲ့ကြလေသည်။-
29. သူတို့သည်တောင်ကြားလမ်းကိုဖြတ်ပြီး လျှင် ဂေဗမြို့တွင်စခန်းချလျက်နေကြ၏။ ထိုအခါရာမမြို့သားတို့သည်ကြောက် လန့်ကြကုန်လျက် ရှောလုမင်း၏ဌာနေဖြစ် သောဂိဗာမြို့မှလူတို့သည်လည်းထွက် ပြေးကြကုန်၏။-
30. အို ဂလ္လိမ်မြို့သူမြို့သားတို့၊ ကြွေးကြော်ကြ လော့။ အို လဲရှမြို့၊ ထိုကြွေးကြော်သံကိုနား ထောင်ကြလော့။ အာနသုတ်မြို့သူမြို့သား တို့၊ တုံ့ပြန်ပြောကြားကြလော့။-
31. မာဒမေနမြို့သူမြို့သားနှင့်ဂေဗိမ်မြို့သူ မြို့သားတို့သည် မိမိတို့အသက်ဘေးမှ လွတ်မြောက်ရန်ထွက်ပြေးကြလေပြီ။-