ဟေ​ရှာ​ယ 1:3-8 Common Language Bible (BCL)

3. ကျွဲ​နွား​များ​သည်​မိ​မိ​တို့​ပိုင်​ရှင်​ကို​သိ​ကြ​၏။ မြင်း​များ​သည်​လည်း​မိ​မိ​တို့​သ​ခင်​၏​မြင်း​စောင်း၊ မိ​မိ​တို့​သ​ခင်​အ​စာ​ကျွေး​ရာ​အ​ရပ်​တို့​ကို​သိ​ကြ​၏။ သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား ထို​မျှ​ပင်​မ​သိ​ကြ။ သူ​တို့​သည်​အ​သိ​ပ​ညာ​ခေါင်း​ပါး​ကြ​ပါ​သည်​တ​ကား'' ဟု​မိန့်​တော်​မူ​ပါ​၏။

4. ``အ​ချင်း​အ​ပြစ်​ကူး​သည့်​လူ​မျိုး၊ ဖောက်​ပြန်​တတ်​သူ​ဒု​စ​ရိုက်​သ​မား​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​အ​ပြစ်​ဝန်​ထုပ်​ပိ​လျက်​နေ​ကြ​ပါ​သည်​တ​ကား။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​ဘု​ရား​သ​ခင်​ကို​ပစ်​ပယ်​လျက် ကိုယ်​တော်​ကို​ကျော​ခိုင်း​ကြ​လေ​ပြီ။-

5. သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဆက်​လက်​ပုန်​ကန်​လျက်​နေ​ကြ​ပါ​သ​နည်း။ ယ​ခု​ထက်​ပင်​ပို​မို​ကြီး​လေး​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​လို​ကြ​ပါ​သ​လော။ အ​ချင်း​ဣ​သ​ရေ​လ​ပြည်​သူ​တို့၊ သင်​တို့​၏​ဦး​ခေါင်း​သည်​ဒဏ်​ရာ​များ​ဖြင့်​ပြည့်​လျက်​ရှိ​၏။ သင်​တို့​၏​စိတ်​နှ​လုံး​သည်​လည်း​ညှိုး​နွမ်း​လျက်​နေ​၏။-

6. ခြေ​ဖ​ဝါး​မှ​ဦး​ခေါင်း​တိုင်​အောင် သင်​တို့​ကိုယ်​တစ်​ခု​လုံး​သည်​အ​နာ​နှင့်​ကင်း​သည်​ဟူ​၍​မ​ရှိ။ ပွန်း​ပဲ့​ကွဲ​ရှ​နာ​များ၊ ဒဏ်​ရာ​သစ်​ဒဏ်​ရာ​ဟောင်း​များ​နှင့်​ပြည့်​လျက်​နေ​ပေ​သည်။ ထို​ဒဏ်​ရာ​များ​ကို​ဆေး​ကြော​ကာ၊ အ​ဝတ်​ဖြင့်​မ​ပတ်​မ​စည်း​ရ​ကြ​သေး။ ဆေး​လည်း​မ​ထည့်​ရ​ကြ​သေး။

7. သင်​တို့​၏​ပြည်​သည်​ပျက်​ပြုန်း​ရ​၍၊ သင်​တို့​၏​မြို့​တို့​သည်​လည်း​ပြာ​ပုံ​ဆိုက်​ကြ​လေ​ပြီ။ သင်​သည်​ကြည့်​ရှု​လျက်​နေ​စဉ်​ပင်​တိုင်း​တစ်​ပါး​သား​တို့​သည် သင်​၏​နယ်​မြေ​ကို​သိမ်း​၍​အ​ရာ​ခပ်​သိမ်း​ကို​ဖျက်​ဆီး​စေ​ကြ​ပြီ။-

8. အ​ဝိုင်း​ခံ​လျက်​နေ​ရ​သည့်​ယေ​ရု​ရှ​လင်​မြို့​တစ်​မြို့​သာ​လျှင်​ကျန်​တော့​၏။ ထို​မြို့​ကား​မိ​မိ​အ​တွက်​ခု​ခံ​ကာ​ကွယ်​နိုင်​စွမ်း​မ​ရှိ​သည့်​စ​ပျစ်​ဥ​ယျာဉ်​အ​စောင့်​တဲ​ကဲ့​သို့​လည်း​ကောင်း၊ သ​ခွား​တောင်​ယာ​တဲ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​၍​နေ​၏။

ဟေ​ရှာ​ယ 1