ဟေ​ဗြဲ 9:20-23 Common Language Bible (BCL)

20. ထို​နောက်​မော​ရှေ​က``ဤ​သွေး​သည်​သင်​တို့​လိုက် နာ​ရန်​ဘု​ရား​သ​ခင်​ပေး​အပ်​တော်​မူ​သော ပ​ဋိ​ညာဉ်​ကို​အ​တည်​ဖြစ်​စေ​၏'' ဟု​ဆို​၏။-

21. ထို​နည်း​တူ​စွာ​မော​ရှေ​သည်​ပ​ဋိ​ညာဉ်​တဲ​တော် နှင့်​တ​ကွ​ဝတ်​ပြု​ကိုး​ကွယ်​ရာ​တွင်​အ​သုံး​ပြု သည့်​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​သွေး​ဖြင့်​ပက် ဖျန်း​လေ​သည်။-

22. ပ​ညတ်​တ​ရား​အ​ရ​အ​ရာ​ခပ်​သိမ်း​လို​လို​ပင် သွေး​အား​ဖြင့်​သန့်​စင်​မှု​ကို​ရ​ရှိ​ကြ​၏။ သွေး သွန်း​မှု​ရှိ​မှ​သာ​အ​ပြစ်​ပြေ​နိုင်​၏။

23. အ​ဆို​ပါ​နည်း​အား​ဖြင့်​ကောင်း​ကင်​ဘုံ​တွင် ရှိ​သည့်​အ​ရာ​တို့​၏​ပုံ​တူ​များ​ကို​သန့်​စင် စေ​ရ​၏။ ကောင်း​ကင်​ဘုံ​တွင်​ရှိ​သည့်​အ​ရာ တို့​ကို​သန့်​စင်​စေ​ရန်​မှာ​မူ​သာ​လွန်​မွန်​မြတ် သော​ယဇ်​ကို​ပူ​ဇော်​ရန်​လို​၏။-

ဟေ​ဗြဲ 9