ဟေ​ဗြဲ 9:16-24 Common Language Bible (BCL)

16. သေ​တမ်း​စာ​အ​တည်​ဖြစ်​နိုင်​ရန်​သေ​တမ်း​စာ​ကို ရေး​သား​ခဲ့​သူ​မှာ အ​မှန်​ပင်​သေ​ပြီ​ဖြစ်​ကြောင်း အ​ထောက်​အ​ထား​ပြ​ရ​ပေ​သည်။-

17. သေ​တမ်း​စာ​ရေး​သူ​အ​သက်​ရှင်​နေ​စဉ်​သူ​၏ သေ​တမ်း​စာ​သည်​အ​တည်​မ​ဖြစ်။ ထို​သူ​သေ လွန်​ပြီး​မှ​သာ​လျှင်​အ​တည်​ဖြစ်​၏။-

18. ထို​ကြောင့်​ပ​ထ​မ​ပ​ဋိ​ညာဉ်​ပင်​လျှင်​သွေး ဖြင့်​အ​တည်​ဖြစ်​၏။-

19. မော​ရှေ​သည်​ပညတ်​တ​ရား​တော်​တွင်​ပါ​ရှိ​သည့် ပ​ညတ်​ရှိ​သ​မျှ​တို့​ကို​လူ​အ​ပေါင်း​တို့​အား ကြေ​ညာ​ပြီး​သော​အ​ခါ သိုး​မွေး​နီ​နှင့်​ဟု​ဿုတ် ပင်​ခက်​ကို​အ​သုံး​ပြု​ကာ​ရေ​နှင့်​ရော​သော​နွား သွေး၊ ဆိတ်​သွေး​ဖြင့်​ပ​ညတ်​ကျမ်း​စာ​လိပ်​ကို လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ပက်​ဖျန်း​လေ​သည်။-

20. ထို​နောက်​မော​ရှေ​က``ဤ​သွေး​သည်​သင်​တို့​လိုက် နာ​ရန်​ဘု​ရား​သ​ခင်​ပေး​အပ်​တော်​မူ​သော ပ​ဋိ​ညာဉ်​ကို​အ​တည်​ဖြစ်​စေ​၏'' ဟု​ဆို​၏။-

21. ထို​နည်း​တူ​စွာ​မော​ရှေ​သည်​ပ​ဋိ​ညာဉ်​တဲ​တော် နှင့်​တ​ကွ​ဝတ်​ပြု​ကိုး​ကွယ်​ရာ​တွင်​အ​သုံး​ပြု သည့်​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​သွေး​ဖြင့်​ပက် ဖျန်း​လေ​သည်။-

22. ပ​ညတ်​တ​ရား​အ​ရ​အ​ရာ​ခပ်​သိမ်း​လို​လို​ပင် သွေး​အား​ဖြင့်​သန့်​စင်​မှု​ကို​ရ​ရှိ​ကြ​၏။ သွေး သွန်း​မှု​ရှိ​မှ​သာ​အ​ပြစ်​ပြေ​နိုင်​၏။

23. အ​ဆို​ပါ​နည်း​အား​ဖြင့်​ကောင်း​ကင်​ဘုံ​တွင် ရှိ​သည့်​အ​ရာ​တို့​၏​ပုံ​တူ​များ​ကို​သန့်​စင် စေ​ရ​၏။ ကောင်း​ကင်​ဘုံ​တွင်​ရှိ​သည့်​အ​ရာ တို့​ကို​သန့်​စင်​စေ​ရန်​မှာ​မူ​သာ​လွန်​မွန်​မြတ် သော​ယဇ်​ကို​ပူ​ဇော်​ရန်​လို​၏။-

24. စစ်​မှန်​သော​သန့်​ရှင်း​ရာ​ဌာ​န​တော်​၏​ပုံ​တူ​ဖြစ် သော​လူ​တို့​လက်​ဖြင့်​တည်​ဆောက်​သည့်​သန့်​ရှင်း ရာ​ဌာ​န​တော်​သို့ ခ​ရစ်​တော်​သည်​ဝင်​တော်​မူ သည်​မ​ဟုတ်​ဘဲ​ကောင်း​ကင်​ဘုံ​သို့​ဝင်​တော်​မူ​၍ ငါ​တို့​ကိုယ်​စား​ဘု​ရား​သ​ခင်​၏​ရှေ့​တော် မှောက်​သို့​ရောက်​ရှိ​တော်​မူ​၏။-

ဟေ​ဗြဲ 9