10. ထိုအရာတို့သည်အစားအသောက်များ၊ ဆေး ကြောသန့်စင်ခြင်းဝတ်အမျိုးမျိုးနှင့်ဆိုင်၏။ ယင်းတို့သည်အပြင်အပနှင့်ဆိုင်သည့်စည်း မျဉ်းများဖြစ်၍ ခပ်သိမ်းသောအရာတို့ကို ဘုရားသခင်အသစ်ပြုပြင်တော်မူမည့် ကာလတိုင်အောင်သာလျှင်တည်ရှိနေကြ၏။
11. သို့ရာတွင်ခရစ်တော်သည်ယခုငါတို့ခံစား ရကြသည့် ကောင်းမြတ်သည့်အရာများနှင့် သက်ဆိုင်သောယဇ်ပုရောဟိတ်မင်းအဖြစ် ဖြင့်ကြွလာတော်မူလေပြီ။ ကိုယ်တော်အမှု တော်ဆောင်ရာတဲတော်သည် ပိုမို၍ကြီးမြတ် ပြီးပြည့်စုံလင်ပေသည်။ ထိုတဲတော်ကားလူ တို့လက်ဖြင့်တည်ဆောက်သောတဲတော်မဟုတ်။ ဤအဖန်ဆင်းခံလောကနှင့်မသက်ဆိုင်။-
12. ကိုယ်တော်သည်အလွန်သန့်ရှင်းရာဌာနတော် ထဲသို့ တစ်ကြိမ်တည်းအပြီးအပိုင်ဝင်တော်မူ သောအခါ၊ ယဇ်ပူဇော်ရန်ဆိတ်သွေး၊ နွားသွေး နှင့်ဝင်တော်မမူ။ မိမိကိုယ်တော်တိုင်၏သွေး နှင့်ဝင်တော်မူ၍ ငါတို့အားထာဝရ ကယ်တင်ခြင်းကိုပေးတော်မူ၏။-
13. ဆိတ်သွေး၊ နွားသွေး၊ နွားမကလေး၏ပြာတို့ ကိုညစ်ညမ်းသူတို့၏အပေါ်ပက်ဖျန်းသဖြင့် အညစ်အကြေးများကိုဆေးကြောသုတ်သင် ကာလူတို့အားသန့်စင်နိုင်စွမ်းရှိပါလျှင်၊-
14. ခရစ်တော်၏သွေးတော်သည်ထိုအရာတို့ထက် အဘယ်မျှပို၍ သန့်စင်နိုင်စွမ်းရှိလိမ့်မည်နည်း။ ခရစ်တော်သည်ထာဝရဝိညာဉ်တော်အားဖြင့် မိမိကိုယ်ကိုအပြစ်အနာအဆာကင်းသည့် ယဇ်ကောင်အဖြစ်ဖြင့် ဘုရားသခင်အားပူဇော် ဆက်သတော်မူ၏။ အသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်ကိုငါတို့ဆောင် ရွက်နိုင်ကြစေရန် ခရစ်တော်၏သွေးတော်သည် အကျိုးမဲ့သည့်ထုံးနည်းများကိုလိုက်နာမှု ကြောင့် မကြည်လင်သောငါတို့၏သြတ္တပ္ပ စိတ်ကိုကြည်လင်စေတော်မူလိမ့်မည်။