ဟေ​ဗြဲ 8:8-13 Common Language Bible (BCL)

8. သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​စု တော်​အား​အ​ပြစ်​တင်​တော်​မူ​လျက်၊``ဣ​သ​ရေ​လ​အ​မျိုး​သား​နှင့်​လည်း​ကောင်း၊ ယု​ဒ​အ​မျိုး​သား​များ​နှင့်​လည်း​ကောင်းပ​ဋိ​ညာဉ်​သစ်​ကို​ငါ​ပြု​ရန်​အ​ချိန်​ကျ​ရောက် လိမ့်​မည်။

9. ဤ​ပ​ဋိ​ညာဉ်​သည်​သူ​တို့​၏​ဘိုး​ဘေး​များ​အား လက်​ဆွဲ​၍အီ​ဂျစ်​ပြည်​မှ၊ငါ​ထုတ်​ဆောင်​လာ​စဉ်​အ​ခါ​ကသူ​တို့​နှင့်​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​နှင့်​တူ​လိမ့်​မည် မ​ဟုတ်။ထို​အ​ခါ​က​ငါ​နှင့်​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကိုသူ​တို့​ချိုး​ဖောက်​ကြ​သ​ဖြင့်၊ငါ​သည်​သူ​တို့​အား ဂ​ရု​မ​စိုက်​ဘဲ​နေ​ခဲ့​၏။

10. နောင်​အ​ခါ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ငါ​ပြု​မည့်​ပ​ဋိ​ညာဉ်​ဟူ​မူ​ကား၊ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ပ​ညတ်​များ​ကို သူ​တို့​၏​စိတ်​နှ​လုံး​ထဲ​သို့​ထည့်​သွင်း​မည်။သူ​တို့​၏​နှ​လုံး​သား​ပေါ်​မှာ​ရေး​သား​မည်။ ငါ​သည်​သူ​တို့​ဘု​ရား​ဖြစ်​မည်။သူ​တို့​သည်​လည်း​ငါ​၏​လူ​စု​ဖြစ်​ကြ​လိမ့်​မည်။

11. အ​ဘယ်​သူ​မျှ​မိ​မိ​၏​အ​မျိုး​သား​ချင်း ကို​သော်​လည်း​ကောင်း၊မိ​မိ​၏​ညီ​အစ်​ကို​အ​ချင်း​ချင်း​ကို​သော်​လည်း ကောင်းထာ​ဝ​ရ​ဘု​ရား​အား​သိ​လော့​ဟု​သွန်​သင်​ပေး​ရန် လို​မည်​မ​ဟုတ်။အ​ဘယ်​ကြောင့်​ဆို​သော်​လူ​အ​ပေါင်း​တို့​သည်အ​ငယ်​ဆုံး​မှ​အ​ကြီး​ဆုံး​တိုင်​အောင်​ငါ့​ကို သိ​ကြ​လိမ့်​မည်​ဖြစ်​သော​ကြောင့်​တည်း။

12. ငါ​သည်​သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​၍သူ​တို့​၏​ကူး​လွန်​မှု​များ​ကို သိ​မှတ်​တော်​မူ​မည်​မ​ဟုတ်''ဟု​မိန့်​တော်​မူ​၏။-

13. ကိုယ်​တော်​သည်​ယင်း​သို့​ပ​ဋိ​ညာဉ်​သစ်​အ​ကြောင်း ကို​မိန့်​တော်​မူ​သော​အား​ဖြင့် ပ​ထ​မ​ပ​ဋိ​ညာဉ် ကို​ဟောင်း​နွမ်း​စေ​တော်​မူ​၏။ ဟောင်း​နွမ်း​လာ​သော အ​ရာ​သည်​လည်း​မ​ကြာ​မီ​ပျောက်​ကွယ်​သွား လိမ့်​မည်။

ဟေ​ဗြဲ 8