ဟေ​ဗြဲ 7:3-7 Common Language Bible (BCL)

3. သူ​၏​မိ​ဘ​ဘိုး​ဘေး​တို့​အ​ကြောင်း​မှတ်​တမ်း ကို​လည်း​ကောင်း၊ သူ​မွေး​ဖွား​သည့်​အ​ကြောင်း နှင့်​ကွယ်​လွန်​သည့်​အ​ကြောင်း​မှတ်​တမ်း​တို့​ကို လည်း​ကောင်း​မ​တွေ့​ရှိ​ရ​ပေ။ သူ​သည်​ဘု​ရား သ​ခင်​၏​သား​တော်​နှင့်​တူ​၍ ယဇ်​ပု​ရော​ဟိတ် အ​ရာ​ကို​ထာ​ဝ​စဉ်​ရ​ရှိ​ထား​သူ​ဖြစ်​သ​တည်း။

4. ငါ​တို့​လူ​မျိုး​တို့​၏​အ​ဖ​အာ​ဗြ​ဟံ​သည်​စစ် ပွဲ​မှ မိ​မိ​သိမ်း​ယူ​ရ​ရှိ​ခဲ့​သည့်​ဥစ္စာ​ပစ္စည်း​များ ၏​ဆယ်​ပုံ​တစ်​ပုံ​ကို မေ​လ​ခိ​ဇေ​ဒက်​အား​ပေး လှူ​ခဲ့​သည်​ဖြစ်​ရာ​ယင်း​သို့​ပေး​လှူ​ခြင်း​ခံ​ရ သူ​သည်​အ​ဘယ်​မျှ​ကြီး​မြတ်​မည်​ကို​ဆင် ခြင်​ကြ​လော့။-

5. လေ​ဝိ​အ​နွယ်​ဝင်​အ​နက်​ယဇ်​ပု​ရော​ဟိတ် အ​ရာ​ကို​ရ​ရှိ​ကြ​သော​သူ​တို့​သည် အာ​ဗြ​ဟံ မှ​ဆင်း​သက်​လာ​သူ မိ​မိ​တို့​၏​သား​ချင်း​များ ဖြစ်​သည့်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​မှ ဆယ်​ဖို့ တစ်​ဖို့​သော​အ​လှူ​ကို ပ​ညတ်​တ​ရား​အ​ရ ကောက်​ယူ​ခွင့်​ရှိ​ကြ​ပေ​သည်။-

6. မေ​လ​ခိ​ဇေ​ဒက်​သည်​လေ​ဝိ​အ​နွယ်​ဝင်​မ​ဟုတ် သော်​လည်း အာ​ဗြ​ဟံ​ထံ​မှ​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ ကို​ခံ​ယူ​လျက် ဘု​ရား​သ​ခင်​၏​က​တိ​တော် များ​ရ​ရှိ​ထား​သူ​အာ​ဗြ​ဟံ​ကို​ကောင်း​ချီး ပေး​ခဲ့​၏။-

7. သိမ်​ငယ်​သူ​သည်​ကြီး​မြတ်​သူ​ထံ​မှ ကောင်း​ချီး မင်္ဂလာ​ခံ​ယူ​ရ​မြဲ​ဖြစ်​သည်​ကို​ငြင်း​ဆို​ဖွယ် မ​ရှိ။-

ဟေ​ဗြဲ 7