ဟေ​ဗြဲ 7:10-13 Common Language Bible (BCL)

10. အ​ဘယ်​ကြောင့်​ဆို​သော်​အာ​ဗြ​ဟံ​သည် မေ​လ​ခိ ဇေ​ဒက်​နှင့်​တွေ့​ဆုံ​စဉ်​အ​ခါ​က​လေ​ဝိ​သည် မ​မွေး ဖွား​သေး​ဘဲ အာ​ဗြ​ဟံ​၏​ကိုယ်​၌​ရှိ​နေ​သည်​ဟု ဆို​နိုင်​သော​ကြောင့်​ဖြစ်​သည်။

11. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ပ​ညတ်​တ​ရား ကို​ပေး​အပ်​ရာ​၌ လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော ဟိတ်​များ​ကို​အ​ခြေ​ခံ​၍​ပေး​အပ်​ခြင်း​ဖြစ်​၏။ အ​ကယ်​၍​လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ် တို့​သည်​ပြီး​ပြည့်​စုံ​လင်​အောင်​ဆောင်​ရွက်​နိုင် ကြ​ပါ​မူ အာ​ရုန်​၏​အ​ရိုက်​အ​ရာ​အ​စား​မေ လ​ခိ​ဇေ​ဒက်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​သူ အ​ခြား​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​ပေါ်​ထွန်း လာ​ရန်​မ​လို​ပေ။-

12. အ​ဘယ်​ကြောင့်​ဆို​သော်​ယဇ်​ပု​ရော​ဟိတ်​မျိုး​ရိုး ကို​ပြောင်း​လဲ​လိုက်​သော​အ​ခါ တ​ရား​ကို​လည်း ပြောင်း​လဲ​ရန်​လို​အပ်​၍​လာ​သော​ကြောင့်​ဖြစ် သည်။-

13. ဤ​အ​ကြောင်း​အ​ရာ​များ​က ဖော်​ပြ​နေ​သည့် ငါ​တို့​၏​သ​ခင်​ဘု​ရား​ကား လေ​ဝိ​အ​နွယ်​ဝင် မ​ဟုတ်။ အ​ခြား​တစ်​ပါး​သော​အ​မျိုး​အ​နွယ် မှ​ဆင်း​သက်​တော်​မူ​သော​သူ​ဖြစ်​ပေ​သည်။ ထို အ​မျိုး​အ​နွယ်​ဝင်​တစ်​ယောက်​မျှ​ယဇ်​ပု​ရော ဟိတ်​အ​ဖြစ်​မ​ဆောင်​ရွက်​ခဲ့။-

ဟေ​ဗြဲ 7