ဟေ​ဗြဲ 6:2-11 Common Language Bible (BCL)

2. ငါ​တို့​သည်​ဗတ္တိ​ဇံ​မင်္ဂ​လာ၊ သိက္ခာ​တင်​မင်္ဂ​လာ၊ သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ခြင်း​နှင့် ထာ​ဝ​ရ တ​ရား​စီ​ရင်​တော်​မူ​ခြင်း​အ​ကြောင်း​တို့​ကို သင်​တို့​အား​သင်​ကြား​ပြီး​ဖြစ်​သည်။-

3. ဘု​ရား​သခင်​ခွင့်​ပြု​တော်​မူ​လျှင် ယ​ခု​ငါ တို့​သည်​ရှေ့​သို့​တက်​ကြ​ကုန်​စို့။

4. မိ​မိ​ဘာ​သာ​တ​ရား​ကို​စွန့်​သူ​တို့​အား​နောက် တစ်​ဖန်​အ​ဘယ်​သို့​လျှင်​နောင်​တ​ရ​စေ​နိုင်​မည် နည်း။ အ​ခါ​တစ်​ပါး​က​ထို​သူ​တို့​သည်​ဘု​ရား သ​ခင်​၏​အ​လင်း​တွင်​ကျင်​လည်​၍ ကောင်း​ကင် ဆု​ကျေး​ဇူး​ကို​မြည်း​စမ်း​ရ​ပြီး​လျှင် သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ခဲ့​ကြ​ဖူး​လေ​ပြီ။-

5. ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကောင်း​မြတ်​ပုံ ကို​လည်း​ကောင်း၊ နောင်​ကပ်​ကာ​လ​နှင့်​ဆိုင်​သော တန်​ခိုး​များ​ကို​လည်း​ကောင်း​ကိုယ်​တွေ့​ခံ​စား ခဲ့​ရ​သူ​များ​ဖြစ်​ကြ​၏။-

6. ထို့​နောက်​သူ​တို့​သည်​ဖောက်​ပြန်​ကြ​လေ​သည်။ သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​တော်​ကို လက်​ဝါး​ကပ်​တိုင်​တွင် တစ်​ဖန်​တင်​၍​သတ်​လျက် လူ​တို့​ရှေ့​ကဲ့​ရဲ့​ရှုတ်​ချ​သည်​ဖြစ်​၍ သူ​တို့​အား နောက်​တစ်​ဖန်​အ​ဘယ်​သို့​မျှ​နောင်​တ​မ​ရ စေ​နိုင်။

7. ရွာ​သွန်း​သည့်​မိုး​ရေ​ကို​ခံ​ယူ​လျက်​လယ်​သ​မား တို့​အ​ဖို့ အ​သုံး​ဝင်​သော​အ​သီး​အ​နှံ​များ​ကို ဖြစ်​ထွန်း​စေ​သည့်​မြေ​ဆီ​လွှာ​ကို ဘု​ရား​သ​ခင် သည်​ကောင်း​ချီး​ပေး​တော်​မူ​၏။-

8. သို့​ရာ​တွင်​အ​ကယ်​၍​ထို​မြေ​ဆီ​လွှာ​သည် ဆူး ပင်​နှင့်​ချုံ​နွယ်​ပိတ်​ပေါင်း​တို့​ကို​သာ​လျှင်​ဖြစ် ထွန်း​စေ​ပါ​မူ လုံး​ဝ​တန်​ဖိုး​မ​ရှိ​တော့​ဘဲ ဘု​ရား​သ​ခင်​၏​ကျိန်​စာ​သင့်​၍​မီး​ရှို့ ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​ပေ​အံ့။

9. သို့​ရာ​တွင်​ချစ်​မိတ်​ဆွေ​တို့၊ ငါ​တို့​သည်​ဤ သို့​ပြော​ဆို​သော်​လည်း သင်​တို့​အ​တွက်​စိတ် ချ​ပါ​၏။ သင်​တို့​သည်​သာ​၍​ကောင်း​မွန်​သည့် ကယ်​တင်​ခြင်း​ဆိုင်​ရာ​ကောင်း​ချီး​များ​ကို သင်​တို့​ရ​ရှိ​ကြ​သည်​ကို​ငါ​တို့​သိ​၏။-

10. ဘု​ရား​သ​ခင်​သည်​တ​ရား​မျှ​တ​မှု​မ​ရှိ သော​အ​ရှင်​မ​ဟုတ်။ သင်​တို့​ဆောင်​ရွက်​ခဲ့ သည့်​အ​မှု​အ​ရာ​များ​ကို​လည်း​ကောင်း၊ ကိုယ် တော်​အား​ချစ်​ကြောင်း​သက်​သေ​ပြ​ရန်​ယ​ခင် အ​ခါ​မှ ယ​ခု​အ​ခါ​တိုင်​အောင်​ခ​ရစ်​ယာန် အ​ချင်း​ချင်း​အား​ကူ​ညီ​မ​စ​ကြ​သည်​ကို လည်း​ကောင်း​မေ့​လျော့​တော်​မူ​မည်​မ​ဟုတ်။-

11. သင်​တို့​ရှိ​သ​မျှ​သည်​နောက်​ဆုံး​၌​မိ​မိ​တို့ ၏​မျှော်​လင့်​ချက်​ပြည့်​စုံ​လာ​သည့်​တိုင်​အောင် ယ​ခု​အ​တိုင်း​ဆက်​လက်​၍​နိုး​ကြား​တက် ကြွ​ကြ​စေ​ရန်​ငါ​တို့​အ​လို​ရှိ​ကြ​၏။-

ဟေ​ဗြဲ 6