11. သင်တို့ရှိသမျှသည်နောက်ဆုံး၌မိမိတို့ ၏မျှော်လင့်ချက်ပြည့်စုံလာသည့်တိုင်အောင် ယခုအတိုင်းဆက်လက်၍နိုးကြားတက် ကြွကြစေရန်ငါတို့အလိုရှိကြ၏။-
12. အဘယ်အခါ၌မျှပျင်းရိသူများမဖြစ် စေလို။ ယုံကြည်၍သည်းခံနိုင်မှုရှိသဖြင့် ဘုရားသခင်ကတိထားတော်မူသော ကျေးဇူးများကိုခံယူကြသူများနည်း တူပြုမူကျင့်ကြံစေလို၏။
13. ဘုရားသခင်သည်အာဗြဟံအားကတိ ထားတော်မူသောအခါတိုင်တည်ကျိန်ဆိုရန် မိမိထက်ကြီးမြတ်သူမရှိသဖြင့် မိမိကိုယ် ကိုပင်လျှင်တိုင်တည်ကျိန်ဆိုတော်မူပေသည်။-
14. ကိုယ်တော်က``ငါသည်သင့်ကိုအမှန်ပင်ကောင်း ချီးပေးမည်။ သင်၏အဆက်အနွယ်များကို တိုးပွားများစေမည်'' ဟုမိန့်တော်မူ၏။-
15. အာဗြဟံသည်စိတ်ရှည်စွာစောင့်ဆိုင်းနေခဲ့ သဖြင့် ကတိတော်အတိုင်းခံစားရလေသည်။-
16. လူတို့သည်မိမိတို့ထက်ကြီးမြတ်သူတစ်ဦး တစ်ယောက်ကိုတိုင်တည်ကျိန်ဆိုတတ်ကြ၏။ ယင်းသို့တိုင်တည်ကျိန်ဆိုခြင်းသည်လူအချင်း ချင်းအငြင်းပွားမှုကိုငြိမ်းစေတတ်လေသည်။-
17. ဘုရားသခင်သည်မိမိအကြံအစည်တော် ကိုပြောင်းလဲတော်မူမည်မဟုတ်ကြောင်းကို ကတိတော်ဆိုင်ရာဆုကျေးဇူးများခံယူရ မည့်သူတို့အားပွင့်လင်းထင်ရှားစွာဖော်ပြ တော်မူလို၏။ သို့ဖြစ်၍ကိုယ်တော်သည်တိုင် တည်ကျိန်ဆိုခြင်းအားဖြင့်ကတိပြုတော် မူခြင်းဖြစ်ပေသည်။-