ဟေ​ဗြဲ 6:10-20 Common Language Bible (BCL)

10. ဘု​ရား​သ​ခင်​သည်​တ​ရား​မျှ​တ​မှု​မ​ရှိ သော​အ​ရှင်​မ​ဟုတ်။ သင်​တို့​ဆောင်​ရွက်​ခဲ့ သည့်​အ​မှု​အ​ရာ​များ​ကို​လည်း​ကောင်း၊ ကိုယ် တော်​အား​ချစ်​ကြောင်း​သက်​သေ​ပြ​ရန်​ယ​ခင် အ​ခါ​မှ ယ​ခု​အ​ခါ​တိုင်​အောင်​ခ​ရစ်​ယာန် အ​ချင်း​ချင်း​အား​ကူ​ညီ​မ​စ​ကြ​သည်​ကို လည်း​ကောင်း​မေ့​လျော့​တော်​မူ​မည်​မ​ဟုတ်။-

11. သင်​တို့​ရှိ​သ​မျှ​သည်​နောက်​ဆုံး​၌​မိ​မိ​တို့ ၏​မျှော်​လင့်​ချက်​ပြည့်​စုံ​လာ​သည့်​တိုင်​အောင် ယ​ခု​အ​တိုင်း​ဆက်​လက်​၍​နိုး​ကြား​တက် ကြွ​ကြ​စေ​ရန်​ငါ​တို့​အ​လို​ရှိ​ကြ​၏။-

12. အ​ဘယ်​အ​ခါ​၌​မျှ​ပျင်း​ရိ​သူ​များ​မ​ဖြစ် စေ​လို။ ယုံ​ကြည်​၍​သည်း​ခံ​နိုင်​မှု​ရှိ​သ​ဖြင့် ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သော ကျေး​ဇူး​များ​ကို​ခံ​ယူ​ကြ​သူ​များ​နည်း တူ​ပြု​မူ​ကျင့်​ကြံ​စေ​လို​၏။

13. ဘု​ရား​သ​ခင်​သည်​အာ​ဗြ​ဟံ​အား​က​တိ ထား​တော်​မူ​သော​အ​ခါ​တိုင်​တည်​ကျိန်​ဆို​ရန် မိ​မိ​ထက်​ကြီး​မြတ်​သူ​မ​ရှိ​သ​ဖြင့် မိ​မိ​ကိုယ် ကို​ပင်​လျှင်​တိုင်​တည်​ကျိန်​ဆို​တော်​မူ​ပေ​သည်။-

14. ကိုယ်​တော်​က``ငါ​သည်​သင့်​ကို​အ​မှန်​ပင်​ကောင်း ချီး​ပေး​မည်။ သင်​၏​အ​ဆက်​အ​နွယ်​များ​ကို တိုး​ပွား​များ​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။-

15. အာ​ဗြ​ဟံ​သည်​စိတ်​ရှည်​စွာ​စောင့်​ဆိုင်း​နေ​ခဲ့ သ​ဖြင့် က​တိ​တော်​အ​တိုင်း​ခံ​စား​ရ​လေ​သည်။-

16. လူ​တို့​သည်​မိ​မိ​တို့​ထက်​ကြီး​မြတ်​သူ​တစ်​ဦး တစ်​ယောက်​ကို​တိုင်​တည်​ကျိန်​ဆို​တတ်​ကြ​၏။ ယင်း​သို့​တိုင်​တည်​ကျိန်​ဆို​ခြင်း​သည်​လူ​အ​ချင်း ချင်း​အ​ငြင်း​ပွား​မှု​ကို​ငြိမ်း​စေ​တတ်​လေ​သည်။-

17. ဘု​ရား​သ​ခင်​သည်​မိ​မိ​အ​ကြံ​အ​စည်​တော် ကို​ပြောင်း​လဲ​တော်​မူ​မည်​မ​ဟုတ်​ကြောင်း​ကို က​တိ​တော်​ဆိုင်​ရာ​ဆု​ကျေး​ဇူး​များ​ခံ​ယူ​ရ မည့်​သူ​တို့​အား​ပွင့်​လင်း​ထင်​ရှား​စွာ​ဖော်​ပြ တော်​မူ​လို​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​တိုင် တည်​ကျိန်​ဆို​ခြင်း​အား​ဖြင့်​က​တိ​ပြု​တော် မူ​ခြင်း​ဖြစ်​ပေ​သည်။-

18. ထို့​ကြောင့်​ဘု​ရား​သ​ခင်​၏​က​တိ​တော်​နှင့် ကျိန်​ဆို​တော်​မူ​ခြင်း​တို့​သည် ပြန်​လည်​ရုပ်​သိမ်း ၍​မ​ရ​နိုင်​သော​အ​ရာ​နှစ်​ပါး​ဖြစ်​ကြ​၏။ ထို အ​ရာ​နှစ်​ပါး​နှင့်​ပတ်​သက်​၍​လည်း​ကိုယ်​တော် သည်​မု​သား​စ​ကား​ကို​သုံး​တော်​မ​မူ​နိုင်။ ထို့ ကြောင့်​အ​ထံ​တော်​၌​ခို​လှုံ​လျက်​ရှိ​ကြ​သော ငါ​တို့​သည်​မိ​မိ​တို့​အား​ကိုယ်​တော်​ပေး​တော် မူ​သည့်​မျှော်​လင့်​ချက်​ကို စွဲ​မြဲ​စွာ​ခံ​ယူ ထား​ရန်​စိတ်​အား​တက်​ကြွ​၍​လာ​ကြ​၏။-

19. ထို​မျှော်​လင့်​ချက်​သည်​ငါ​တို့​ဘ​ဝ​အ​တွက် ချ​ထား​သည့်​လုံ​ခြုံ​ခိုင်​ခန့်​သော​ကျောက်​ဆူး အ​ဖြစ် ကောင်း​ကင်​ဗိ​မာန်​တော်​ကန့်​လန့်​ကာ ကို​ထိုး​ဖောက်​ကာ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​သို့​ဝင်​လေ​သည်။-

20. ယဇ်​ပု​ရော​ဟိတ်​မေ​လ​ခိ​ဇေ​ဒက်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​သူ​ယဇ်​ပု​ရော​ဟိတ်​မင်း အ​ဖြစ် ဆက်​ခံ​သူ​သ​ခင်​ယေ​ရှု​သည်​ထို ဌာ​န​တော်​သို့​ငါ​တို့​အ​တွက်​ဝင်​တော်​မူ​ပြီ။

ဟေ​ဗြဲ 6