1. သို့ဖြစ်၍ငါတို့သည်ခရစ်တော်နှင့်ဆိုင်သော အခြေခံသွန်သင်ချက်ကိုချန်ထား၍ ရင့်ကျက် သည့်ခံယူယုံကြည်ချက်သို့တက်လှမ်းကြကုန် အံ့။ ထိုမူလအခြေခံတရားများကိုသင်တို့ အား ငါတို့သွန်သင်ပေးပြီးဖြစ်သဖြင့်ထပ်မံ သွန်သင်ပေးရန်မသင့်။ အကျိုးမပေးတတ်သည့် အကျင့်အကြံများကိုစွန့်လွှတ်ကာ ဘုရား သခင်အားယုံကြည်ရန်လိုအပ်ကြောင်းသင် တို့သိရှိကြပြီးဖြစ်ပေသည်။-
2. ငါတို့သည်ဗတ္တိဇံမင်္ဂလာ၊ သိက္ခာတင်မင်္ဂလာ၊ သေခြင်းမှရှင်ပြန်ထမြောက်ခြင်းနှင့် ထာဝရ တရားစီရင်တော်မူခြင်းအကြောင်းတို့ကို သင်တို့အားသင်ကြားပြီးဖြစ်သည်။-
3. ဘုရားသခင်ခွင့်ပြုတော်မူလျှင် ယခုငါ တို့သည်ရှေ့သို့တက်ကြကုန်စို့။
4. မိမိဘာသာတရားကိုစွန့်သူတို့အားနောက် တစ်ဖန်အဘယ်သို့လျှင်နောင်တရစေနိုင်မည် နည်း။ အခါတစ်ပါးကထိုသူတို့သည်ဘုရား သခင်၏အလင်းတွင်ကျင်လည်၍ ကောင်းကင် ဆုကျေးဇူးကိုမြည်းစမ်းရပြီးလျှင် သန့်ရှင်း သောဝိညာဉ်တော်ကိုခံယူခဲ့ကြဖူးလေပြီ။-
5. ဘုရားသခင်၏နှုတ်ကပတ်တော်ကောင်းမြတ်ပုံ ကိုလည်းကောင်း၊ နောင်ကပ်ကာလနှင့်ဆိုင်သော တန်ခိုးများကိုလည်းကောင်းကိုယ်တွေ့ခံစား ခဲ့ရသူများဖြစ်ကြ၏။-
6. ထို့နောက်သူတို့သည်ဖောက်ပြန်ကြလေသည်။ သူတို့သည်ဘုရားသခင်၏သားတော်ကို လက်ဝါးကပ်တိုင်တွင် တစ်ဖန်တင်၍သတ်လျက် လူတို့ရှေ့ကဲ့ရဲ့ရှုတ်ချသည်ဖြစ်၍ သူတို့အား နောက်တစ်ဖန်အဘယ်သို့မျှနောင်တမရ စေနိုင်။
7. ရွာသွန်းသည့်မိုးရေကိုခံယူလျက်လယ်သမား တို့အဖို့ အသုံးဝင်သောအသီးအနှံများကို ဖြစ်ထွန်းစေသည့်မြေဆီလွှာကို ဘုရားသခင် သည်ကောင်းချီးပေးတော်မူ၏။-
8. သို့ရာတွင်အကယ်၍ထိုမြေဆီလွှာသည် ဆူး ပင်နှင့်ချုံနွယ်ပိတ်ပေါင်းတို့ကိုသာလျှင်ဖြစ် ထွန်းစေပါမူ လုံးဝတန်ဖိုးမရှိတော့ဘဲ ဘုရားသခင်၏ကျိန်စာသင့်၍မီးရှို့ ဖျက်ဆီးခြင်းကိုခံရပေအံ့။
9. သို့ရာတွင်ချစ်မိတ်ဆွေတို့၊ ငါတို့သည်ဤ သို့ပြောဆိုသော်လည်း သင်တို့အတွက်စိတ် ချပါ၏။ သင်တို့သည်သာ၍ကောင်းမွန်သည့် ကယ်တင်ခြင်းဆိုင်ရာကောင်းချီးများကို သင်တို့ရရှိကြသည်ကိုငါတို့သိ၏။-