1. ယဇ်ပုရောဟိတ်မင်းမည်သည်ကားအပြစ် ဖြေရာယဇ်နှင့် ပူဇော်သကာများကိုဆက်သ ရန်အတွက် လူတို့၏ကိုယ်စားဘုရားသခင် ၏အမှုတော်ကိုထမ်းဆောင်ရန် ရွေးချယ်ခန့် ထားခြင်းခံရသူဖြစ်၏။-
2. သူကိုယ်တိုင်၌ပင်လျှင်အားနည်းချက်အမျိုး မျိုးရှိသဖြင့် အသိပညာကင်းမဲ့၍မှားယွင်း သူတို့အားကိုယ်ချင်းစာတရားထားနိုင်၏။-
3. သူကိုယ်တိုင်အားနည်းချက်ရှိသောကြောင့် အပြစ်ဖြေရာယဇ်ကိုလူတို့၏အတွက် သာမက မိမိ၏အတွက်လည်းဆက်သ ရပေသည်။-
4. အဘယ်သူမျှမိမိကိုယ်ကို ယဇ်ပုရောဟိတ် မင်းအဖြစ်ဖြင့်မခန့်ထားနိုင်။ ဘုရားသခင် သည်အာရုန်အား ယဇ်ပုရောဟိတ်မင်းအဖြစ် ခန့်ထားတော်မူသကဲ့သို့ ကိုယ်တော်၏ရွေး ကောက်ခန့်ထားခြင်းခံရမှသာလျှင် ယဇ် ပုရောဟိတ်မင်းဖြစ်နိုင်ပေသည်။
5. ထိုနည်းတူစွာခရစ်တော်သည်လည်းယဇ် ပုရောဟိတ်မင်း၏ဂုဏ်ပုဒ်ကို မိမိအလို အလျောက်ခံယူတော်မူသည်မဟုတ်။ ဘုရား သခင်ကကိုယ်တော်အား၊``သင်သည်ငါ၏သားဖြစ်၏။ ယနေ့ပင်လျှင် ငါသည်သင်၏အဖဖြစ်လာ၏''ဟူ၍လည်းကောင်း၊
6. အခြားကျမ်းချက်တွင်လည်း``သင်သည်မေလခိဇေဒက်၏အရိုက်အရာကို ဆက်ခံသူထာဝရယဇ်ပုရောဟိတ်ဖြစ်လိမ့်မည်''ဟူ၍လည်းကောင်းမိန့်တော်မူပေသည်။
7. ခရစ်တော်သည်လူ့ဇာတိနှင့်သက်တော်ထင်ရှား ရှိစဉ်အခါက မိမိအားသေခြင်းမှကယ်တင် တော်မူနိုင်သောဘုရားသခင်၏ထံတော်သို့ ကြွေးကြော်ကာမျက်ရည်ကျလျက်ဆုတောင်း ပတ္ထနာပြုတော်မူ၏။ ဘုရားသခင်သည်လည်း ကိုယ်တော်၏ဆုတောင်းပတ္ထနာကိုနားညောင်း တော်မူပေသည်။ အဘယ်ကြောင့်ဆိုသော်ကိုယ် တော်သည်စိတ်နှလုံးနှိမ့်ချလျက် ဘုရား သခင်၏အလိုတော်ကိုဝန်ခံတော်မူသော ကြောင့်တည်း။-
8. ကိုယ်တော်သည်ဘုရားသခင်၏သားတော် ပင်ဖြစ်သော်လည်း ဆင်းရဲဒုက္ခများကိုခံခြင်း အားဖြင့်နာခံတတ်ရန်သင်ယူတော်မူ၏။-
9. ကိုယ်တော်သည်ပြီးပြည့်စုံလင်ခြင်းသို့ရောက် သောအခါ မိမိကိုနာခံသောသူအပေါင်း တို့၏ထာဝရကယ်တင်ခြင်းအရှင်ဖြစ် လာတော်မူ၍၊-