ဟေ​ဗြဲ 4:13-16 Common Language Bible (BCL)

13. ဘု​ရား​သ​ခင်​၏​မျက်​မှောက်​၌​မ​ထင်​ရှား​သော အ​ရာ​ဟူ​၍​တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ။ ဖန်​ဆင်း တော်​မူ​သော​အ​ရာ​ခပ်​သိမ်း​သည်​မျက်​မှောက် တော်​၌​ထင်​ရှား​လျက်​ရှိ​၏။ ငါ​တို့​အား​လုံး သည်​မိ​မိ​တို့​ပြု​သ​မျှ​အ​တွက် ကိုယ်​တော်​၏ စစ်​ကြော​စီ​ရင်​ခြင်း​ကို​ခံ​ကြ​ရ​လိမ့်​မည်။

14. သို့​ဖြစ်​၍​ငါ​တို့​သည်​မိ​မိ​တို့​၏​ဘာ​သာ​တ​ရား ကို​စွဲ​မြဲ​စွာ​ဆုပ်​ကိုင်​ထား​ကြ​ကုန်​အံ့။ အ​ဘယ် ကြောင့်​ဆို​သော်​ငါ​တို့​၌​ဘု​ရား​သ​ခင်​၏​သား တော်​သ​ခင်​ယေ​ရှု​တည်း​ဟူ​သော ကြီး​မြတ်​သည့် ယဇ်​ပု​ရော​ဟိတ်​မင်း​ရှိ​တော်​မူ​သော​ကြောင့် ဖြစ်​၏။ ထို​အ​ရှင်​သည်​ဘု​ရား​သ​ခင်​ရှေ့ တော်​မှောက်​သို့​ကြွ​ဝင်​တော်​မူ​သည်။-

15. ငါ​တို့​၏​ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​ငါ​တို့​၏ အား​နည်း​ချက်​များ​အ​တွက်​မ​ကြင်​နာ​နိုင်​သူ မ​ဟုတ်။ ငါ​တို့​နည်း​တူ​စုံ​စမ်း​သွေး​ဆောင်​ခြင်း အ​မျိုး​မျိုး​ကို​ခံ​ခဲ့​ရ​သူ​ဖြစ်​တော်​မူ​၏။ သို့ ရာ​တွင်​ကိုယ်​တော်​သည်​အ​ပြစ်​ဒု​စ​ရိုက်​နှင့် ကင်း​လွတ်​တော်​မူ​၏။-

16. သို့​ဖြစ်​၍​ကူ​ညီ​ရန်​လို​အပ်​ချိန်​၌​က​ရု​ဏာ တော်​နှင့်​ကျေး​ဇူး​တော်​ကို​ခံ​စား​ခြင်း​ငှာ ငါ​တို့​သည်​ရဲ​ရင့်​သော​စိတ်​နှင့်​ကျေး​ဇူး​တော် ရှိ​ရာ​ဘု​ရား​သ​ခင်​၏​ပလ္လင်​တော်​သို့​တိုး​ဝင် ချဉ်း​ကပ်​ကြ​စို့။

ဟေ​ဗြဲ 4