ဟေ​ဗြဲ 3:9-19 Common Language Bible (BCL)

9. သင်​တို့​ဘိုး​ဘေး​များ​သည်​အ​နှစ်​လေး​ဆယ်​တိုင် တိုင်ငါ​ပြု​တော်​မူ​သော​အ​မှု​ကို​တွေ့​မြင်​ခဲ့​သော်​လည်း ငါ့​ကို​ဆန့်​ကျင်​၍​အ​ကဲ​စမ်း​ကြ​၏။

10. သို့​ဖြစ်​၍​ငါ​သည်​သူ​တို့​အား​အ​မျက်​ထွက် သြဖင့် `သူ​တို့​သည်​အ​စဉ်​သစ္စာ​ဖောက်​ကြ​၏။ငါ​၏​အ​မိန့်​တော်​များ​ကို​မ​လိုက်​နာ​ကြ' ဟု ငါ​ဆို​၏။

11. ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်`သူ​တို့​သည် အ​ဘယ်​အ​ခါ​၌​မျှငြိမ်​ဝပ်​ရာ​ချမ်း​သာ​ကို​ခံ​စား​ရန်၊ြုပည်​တော်​သို့ ဝင်​ကြ​ရ​လိမ့်​မည်​မ​ဟုတ်'ဟု​ငါ​ကျိန်​ဆို​ခဲ့​၏။''

12. ယုံ​ကြည်​သူ​ညီ​အစ်​ကို​တို့၊ အ​သက်​ရှင်​တော် မူ​သော​ဘု​ရား​သ​ခင်​ကို​ကျော​ခိုင်း​သွား​သည် တိုင်​အောင် ဆိုး​ညစ်​ယုံ​မှား​တတ်​သူ​တစ်​စုံ​တစ် ယောက်​မျှ​သင်​တို့​တွင်​မ​ရှိ​စေ​ရန်​သ​တိ​ပြု ကြ​လော့။-

13. သင်​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​၏​လှည့်​စား​မှု​ကို ခံ​ရ​ကာ​ခေါင်း​မ​မာ​ကြ​စေ​ရန် ကျမ်း​စာ​တွင် ဖော်​ပြ​သည့်`ယ​နေ့' ဟူ​သော​စ​ကား​ရပ်​သည် ငါ​တို့​နှင့်​ဆိုင်​သ​မျှ​ကာ​လ​ပတ်​လုံး​နေ့​စဉ် နေ့​တိုင်း အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ် ယောက်​ကူ​ညီ​မ​စ​ရ​မည်။-

14. ငါ​တို့​သည်​အ​စ​က​ကဲ့​သို့​အ​ဆုံး​တိုင်​အောင် ခိုင်​မြဲ​စွာ​ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​ကြ​ပါ​လျှင် ခ​ရစ်​တော်​နှင့်​အ​တူ​တွဲ​ဖက်​လုပ်​ဆောင်​သူ များ​ဖြစ်​ကြ​၏။

15. ကျမ်း​စာ​တော်​က၊``သင်​တို့​သည်​ယ​နေ့​ဘု​ရား​သ​ခင်​အ​သံ​တော်​ကို ကြား​ရ​လျှင်ဘု​ရား​သ​ခင်​အား၊သင်​တို့​၏​ဘိုး​ဘေး​များပုန်​ကန်​စဉ်​အ​ခါ​က​ခေါင်း​မာ​ကြ​သ​ကဲ့​သို့ ခေါင်း​မ​မာ​ကြ​နှင့်''ဟု​ဖော်​ပြ​ပေ​သည်။-

16. ဘု​ရား​သ​ခင်​၏​အ​သံ​တော်​ကို​ကြား​ကြ​ပြီး မှ ကိုယ်​တော်​ကို​ပုန်​ကန်​ကြ​သူ​များ​ကား​အ​ဘယ် သူ​တို့​နည်း။ ထို​သူ​တို့​ကား​အီ​ဂျစ်​ပြည်​မှ မော​ရှေ ထုတ်​ဆောင်​လာ​သော​သူ​အ​ပေါင်း​တို့​ဖြစ်​ပေ သည်။-

17. နှစ်​ပေါင်း​လေး​ဆယ်​တိုင်​တိုင် ဘု​ရား​သ​ခင်​၏ အ​မျက်​တော်​ရှ​ခြင်း​ကို​ခံ​ရ​သူ​တို့​ကား အ​ဘယ်​သူ​များ​နည်း။ ဒု​စ​ရိုက်​အ​ပြစ်​ပြု သ​ဖြင့် တော​ကန္တာ​ရ​တွင်​လဲ​၍​သေ​ဆုံး​သူ များ​ဖြစ်​၏။-

18. ``သူ​တို့​သည်​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ရ​ရှိ​ရန် ပြည်​တော်​သို့​ဝင်​ခွင့်​ကို အ​ဘယ်​အ​ခါ​၌​မျှ ငါ​ပေး​လိမ့်​မည်​မ​ဟုတ်'' ဟု​အ​ဘယ်​သူ​တို့ ကို​ရည်​ညွှန်း​၍​ဘု​ရား​သ​ခင်​ကျိန်​ဆို​တော် မူ​ပါ​သ​နည်း။ ကိုယ်​တော်​၏​စ​ကား​ကို​နား မ​ထောင်​သူ​များ​ကို​ရည်​ညွှန်း​ခြင်း​ပင် မ​ဟုတ်​လော။-

19. သို့​ဖြစ်​၍​သူ​တို့​သည်​မ​ယုံ​ကြည်​သော ကြောင့် ပြည်​တော်​သို့​မ​ဝင်​နိုင်​သည်​ကို​ငါ တို့​သိ​ကြ​၏။

ဟေ​ဗြဲ 3