9. သို့သော်ငါတို့တွေ့မြင်ကြရသူကား ဘုရား သခင်၏ကျေးဇူးတော်အားဖြင့်လူအပေါင်း တို့အတွက် အသက်တော်ကိုစွန့်တော်မူနိုင်ရန် ကာလအနည်းငယ်မျှ ကောင်းကင်တမန်များ ထက်နှိမ့်ချမှုကိုခံရသည့်သခင်ယေရှုပင် ဖြစ်တော်မူ၏။ ထိုအရှင်သည် မိမိအသေခံ တော်မူခဲ့သည့်အတွက်ဘုန်းအသရေ၊ ဂုဏ် အသရေနှင့်ပြည့်ဝလျက်ရှိတော်မူသည် ကို ယခုအခါငါတို့တွေ့မြင်ကြရ၏။-
10. ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းပြုပြင် ထိန်းသိမ်းစောင့်ရှောက်တော်မူသောဘုရား သခင်သည် မိမိ၏သားအမြောက်အမြား တို့အားဘုန်းအသရေတော်ဝင်စားခွင့်ပေး တော်မူနိုင်ရန် ဆင်းရဲဒုက္ခကိုခံစေခြင်းအား ဖြင့် သခင်ယေရှုအားပြည့်ဝစုံလင်စေတော် မူ၏။ ဤသို့ဘုရားသခင်ပြုတော်မူသည်မှာ လျော်ကန်သင့်မြတ်လှပေသည်။ အဘယ် ကြောင့်ဆိုသော်ကယ်တင်ခြင်းရရှိကြစေ ရန် ထိုသူတို့အားပို့ဆောင်သူမှာသခင် ယေရှုပင်ဖြစ်သောကြောင့်တည်း။
11. သခင်ယေရှုသည်လူတို့အားအပြစ်များမှ သန့်စင်စေတော်မူ၏။ ကိုယ်တော်နှင့်ကိုယ်တော် သန့်စင်စေတော်မူသောသူတို့တွင် အဖတစ်ဦး တည်းရှိသဖြင့် ကိုယ်တော်သည်ထိုသူတို့အား မိမိ၏ညီများဟုခေါ်ဆိုရန်ရှက်တော်မမူ။-
12. သခင်ယေရှုက၊``အကျွန်ုပ်သည်ကိုယ်တော်ပြုတော်မူသော အမှုကိုအကျွန်ုပ်၏ညီအစ်ကိုတို့အားပြောကြားပါမည်။သူတို့၏အစည်းအဝေးတွင်ကိုယ်တော်၏ ဂုဏ်တော်ကိုချီးကူးမည်''ဟုဘုရားသခင်အားမိန့်တော်မူ၏။-
13. တစ်ဖန်တုံကိုယ်တော်က``ငါသည်ဘုရားသခင် ကိုကိုးစားမည်'' ဟူ၍လည်းကောင်း၊ ထိုနောက် တစ်ဖန်``ငါသည်မိမိအား ဘုရားသခင်ပေး အပ်ထားသည့်သားသမီးများနှင့်အတူ ရှိ၏'' ဟူ၍လည်းကောင်းမိန့်တော်မူပေသည်။
14. ထိုသားသမီးများသည်အသွေးအသားရှိ သူများဖြစ်ကြသဖြင့် သခင်ယေရှုသည်ထို သူတို့နည်းတူအသွေးအသားရှိသူအဖြစ် ကိုခံယူတော်မူ၏။ ယင်းသို့ခံယူတော်မူခြင်း မှာ သေခြင်းကိုအစိုးရသည့်မာရ်နတ်၏ တန်ခိုးကိုချိုးနှိမ်ပစ်ရန်ပင်ဖြစ်၏။-
15. ဤနည်းအားဖြင့်သေဘေးကိုကြောက်သဖြင့် တစ်သက်လုံးကျွန်ခံလျက်နေကြရသော သူတို့ကိုလွတ်မြောက်စေတော်မူပေသည်။-
16. ကိုယ်တော်သည်ကောင်းကင်တမန်များအား ကူညီမစတော်မူသည်မဟုတ်။ ကျမ်းစာ တော်တွင်ဖော်ပြထားသည်အတိုင်း အာဗြဟံ ၏သားမြေးတို့အားကူညီမစတော်မူ ကြောင်းကိုသိသာထင်ရှားပေသည်။-
17. ထို့ကြောင့်ကိုယ်တော်သည်လူတို့၏အပြစ်များ ကိုဖြေလွှတ်အံ့သောငှာကရုဏာ၊ သစ္စာနှင့် ပြည့်ဝသည့်ယဇ်ပုရောဟိတ်မင်းအဖြစ်ဖြင့် ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်နိုင် ရန် အရာရာ၌မိမိ၏ညီအစ်ကိုများနှင့် တူညီရပေသည်။-
18. ကိုယ်တော်သည်မိမိကိုယ်တိုင်ဆင်းရဲဒုက္ခနှင့် စုံစမ်းသွေးဆောင်ခြင်းကိုခံခဲ့ရသဖြင့် စုံ စမ်းသွေးဆောင်ခြင်းခံရသူတို့အားကူညီ မစခြင်းငှာတတ်နိုင်တော်မူသည်။