9. သင်တို့သည်လမ်းလွဲ၍ကွဲလွဲထူးခြားသော အယူဝါဒအမျိုးမျိုးတို့ဆွဲဆောင်ရာသို့ လိုက်ပါမသွားကြနှင့်။ အစားအစာနှင့် ဆိုင်သောပညတ်များကိုစောင့်ထိန်းခြင်း မဟုတ်ဘဲ ဘုရားသခင်၏ကျေးဇူးတော် မှငါတို့ဝိညာဉ်ခွန်အားရရှိလျှင်ကောင်း ပေ၏။ ထိုပညတ်များကိုစောင့်ထိန်းသူ တို့သည်ကောင်းကျိုးကိုမခံရကြပေ။
10. ယုဒတဲတော်အတွင်း၌တာဝန်ထမ်းဆောင် ရသူယဇ်ပုရောဟိတ်တို့သည် ငါတို့၏ယဇ် ပလ္လင်မှအဘယ်ပူဇော်သကာကိုမျှစား ပိုင်ခွင့်မရှိ။-
11. ယုဒယဇ်ပုရောဟိတ်မင်းသည်တိရစ္ဆာန်များ ၏သွေးကိုအပြစ်ဖြေရာပူဇော်သကာ အဖြစ်ဖြင့် အလွန်သန့်ရှင်းရာဌာနတော် သို့ယူဆောင်ခဲ့သော်လည်းယဇ်ကောင်တို့ကို မူကားစခန်းအပြင်၌မီးရှို့ပစ်ရ၏။-
12. ဤအကြောင်းကြောင့်သခင်ယေရှုသည်လည်း မိမိ၏သွေးတော်အားဖြင့် လူတို့၏အပြစ် ဒုစရိုက်များကိုဆေးကြောပေးနိုင်ရန်မြို့ တံခါး၏အပြင်ဘက်၌အသေခံတော်မူ၏။-
13. သို့ဖြစ်၍ငါတို့သည်ကိုယ်တော်ရှိရာစခန်း အပြင်သို့သွား၍ ကိုယ်တော်နှင့်အတူကဲ့ရဲ့ ရှုတ်ချခြင်းကိုခံကြကုန်အံ့။-