ဟေ​ဗြဲ 13:20-21-25 Common Language Bible (BCL)

3. သင်​တို့​သည်​အ​ကျဉ်း​ခံ​ရ​သူ​များ​နှင့်​အ​တူ အ​ကျဉ်း​ခံ​နေ​ရ​သ​ကဲ့​သို့​မှတ်​ယူ​လျက် သူ​တို့ အား​သ​တိ​ရ​ကြ​လော့။ မိ​မိ​တို့​ကိုယ်​တိုင်​ပင် ဒုက္ခ​ဝေ​ဒ​နာ​ခံ​ရ​သ​ကဲ့​သို့​ဒုက္ခ​ဝေ​ဒ​နာ ခံ​ရ​သူ​များ​ကို​သ​တိ​ရ​ကြ​လော့။

4. ထိမ်း​မြား​မင်္ဂလာ​ပြု​ခြင်း​အ​မှု​ကို​လူ​တိုင်း လေး​စား​ကြ​ရ​မည်။ လင်​နှင့်​မ​ယား​သည် တစ်​ဦး​ကို​တစ်​ဦး​သစ္စာ​ရှိ​ရ​မည်။ ဘု​ရား သ​ခင်​သည်​အ​ကျင့်​ပျက်​သူ​များ​နှင့်​သူ တစ်​ပါး​အိမ်​ရာ​ပြစ်​မှား​သူ​များ​ကို​တ​ရား စီ​ရင်​တော်​မူ​လိမ့်​မည်။

5. သင်​တို့​သည်​ငွေ​အ​တွက်​အ​သက်​မ​ရှင်​နှင့်။ ရှိ​သ​မျှ​ဖြင့်​ရောင့်​ရဲ​လော့။ အ​ဘယ်​ကြောင့် ဆို​သော်​ဘု​ရား​သ​ခင်​က``ငါ​သည်​သင့်​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​စွန့်၊ အ​ဘယ်​အ​ခါ ၌​မျှ​ပစ်​၍​မ​ထား'' ဟု​မိန့်​တော်​မူ​သော ကြောင့်​ဖြစ်​၏။-

6. ထို့​ကြောင့်၊``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​မ​စ​တော်​မူ သော​အ​ရှင် ဖြစ်​တော်​မူ​သ​ဖြင့်ငါ​သည်​ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။လူ​သည်​ငါ့​ကို​အ​ဘယ်​သို့​ပြု​နိုင်​သ​နည်း'' ဟုငါ​တို့​သည်​ရဲ​ရင့်​သော​စိတ်​နှင့်​ပြော​ဆို​ကြ စို့။

7. သင်​တို့​အား​ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို ဟော​ပြော​ခဲ့​သော​သင်​တို့​၏​ခေါင်း​ဆောင်​များ ကို​သ​တိ​ရ​ကြ​လော့။ သူ​တို့​အ​ဘယ်​သို့​ပြု မူ​နေ​ထိုင်​ခဲ့​သည်၊ အ​ဘယ်​သို့​သေ​လွန်​သွား ကြ​သည်​ကို​ဆင်​ခြင်​စဉ်း​စား​ကြ​ပြီး​နောက် သူ​တို့​ယုံ​ကြည်​ခြင်း​ကို​အ​တု​ယူ​ကြ​လော့။-

8. ယေ​ရှု​ခ​ရစ်​သည်​မ​နေ့၊ ယ​နေ့၊ နောင်​ကာ​လ အ​စဉ်​အ​မြဲ​မ​ပြောင်း​မ​လဲ​နေ​တော်​မူ​၏။-

9. သင်​တို့​သည်​လမ်း​လွဲ​၍​ကွဲ​လွဲ​ထူး​ခြား​သော အ​ယူ​ဝါ​ဒ​အ​မျိုး​မျိုး​တို့​ဆွဲ​ဆောင်​ရာ​သို့ လိုက်​ပါ​မ​သွား​ကြ​နှင့်။ အ​စား​အ​စာ​နှင့် ဆိုင်​သော​ပ​ညတ်​များ​ကို​စောင့်​ထိန်း​ခြင်း မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် မှ​ငါ​တို့​ဝိ​ညာဉ်​ခွန်​အား​ရ​ရှိ​လျှင်​ကောင်း ပေ​၏။ ထို​ပ​ညတ်​များ​ကို​စောင့်​ထိန်း​သူ တို့​သည်​ကောင်း​ကျိုး​ကို​မ​ခံ​ရ​ကြ​ပေ။

20-21. အ​သက်​တော်​ကို​တင်​လှူ​ပူ​ဇော်​တော်​မူ​ခြင်း အား​ဖြင့် ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​တော်​ကို​တံ​ဆိပ် ခတ်​နှိပ်​တော်​မူ​သ​ဖြင့် သိုး​ထိန်း​ကြီး​ဖြစ် တော်​မူ​သော​ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု အား​ဘု​ရား​သ​ခင်​သည် သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ပြီ။ သင်​တို့​သည်​ငြိမ် သက်​ခြင်း​အ​ရှင်​ဘု​ရား​သ​ခင်​၏​အ​လို တော်​ကို​လိုက်​လျှောက်​နိုင်​ကြ​စေ​ရန် ကိုယ် တော်​သည်​သင်​တို့​အား​ကောင်း​မြတ်​သော အ​ရာ​ဟူ​သ​မျှ​ကို​ချ​ပေး​တော်​မူ​ပါ​စေ သော။ ကိုယ်​တော်​သည်​မိ​မိ​နှစ်​သက်​တော် မူ​ဖွယ်​ရာ​ကို ငါ​တို့​၌​ယေ​ရှု​ခ​ရစ်​အား ဖြင့်​ပြု​တော်​မူ​ပါ​စေ​သော။ ခ​ရစ်​တော် သည်​ကမ္ဘာ​အ​ဆက်​ဆက် ဘုန်း​အ​သ​ရေ ထွန်း​တောက်​တော်​မူ​ပါ​သ​တည်း။ အာ​မင်။

22. ညီ​အစ်​ကို​တို့၊ ဤ​အား​ပေး​တိုက်​တွန်း​ချက် ကို​သည်း​ခံ​လျက်​နာ​ယူ​ကြ​ရန်​သင်​တို့ အား​ငါ​တောင်း​ပန်​၏။ ယ​ခု​သင်​တို့​ထံ​သို့ ငါ​ရေး​လိုက်​သော​စာ​သည်​များ​စွာ​မ​ရှည် ပါ။-

23. ငါ​တို့​၏​ညီ​တိ​မော​သေ​သည် အ​ကျဉ်း​ထောင်​မှ လွတ်​၍​လာ​ပြီ​ဖြစ်​ကြောင်း​သင်​တို့​အား​သိ​စေ လို​၏။ အ​ကယ်​၍​သူ​သည်​ငါ့​ထံ​သို့​အ​ချိန်​မီ ရောက်​ရှိ​လာ​ပါ​က သင်​တို့​နှင့်​တွေ့​ဆုံ​ရန်​ငါ လာ​သော​အ​ခါ​သူ့​ကို​ခေါ်​ခဲ့​ပါ​မည်။

24. သင်​တို့​၏​ခေါင်း​ဆောင်​အ​ပေါင်း​နှင့်​ဘု​ရား သ​ခင်​၏​လူ​စု​တော်​ဝင်​ရှိ​သ​မျှ​တို့​အား နှုတ်​ဆက်​လိုက်​ကြောင်း​ပြော​ပြ​ပါ​လော့။ အီ​တ​လီ​ပြည်​မှ​ညီ​အစ်​ကို​တို့​က​လည်း သင်​တို့​အား​နှုတ်​ဆက်​လိုက်​ပါ​၏။

25. ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​သင်​တို့ အား​လုံး​ခံ​စား​ရ​ကြ​ပါ​စေ​သ​တည်း။ ဟေ​ဗြဲ​သြ​ဝါ​ဒ​စာ​ပြီး​၏။

ဟေ​ဗြဲ 13