ဟေ​ဗြဲ 12:8-14 Common Language Bible (BCL)

8. သင်​တို့​အား​ဒဏ်​ပေး​တော်​မ​မူ​လျှင်​သင်​တို့ သည်​သား​ရင်း​များ​မ​ဟုတ်​ဘဲ တ​ရား​မ​ဝင် သော​သား​များ​သာ​လျှင်​ဖြစ်​ကြ​၏။-

9. ငါ​တို့​အား​ဆုံး​မ​သော​လူ​ဖ​ခင်​ကို​ငါ​တို့ က​ရို​သေ​လေး​စား​ကြ​ပေ​သည်။ သို့​ဖြစ်​၍ ငါ​တို့​သည်​ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ဖ​ခင်​၏ အ​ဆုံး​အ​မ​ကို​ပို​၍​ပင် ခံ​ယူ​ကာ​အ​သက် ရှင်​သင့်​ကြ​သည်​မ​ဟုတ်​လော။-

10. ဤ​တို​တောင်း​သော​ဘ​ဝ​၌​လူ​ဖ​ခင်​များ​သည် မိ​မိ​တို့​လျောက်​ပတ်​သည်​ဟု​ထင်​မှတ်​သည့် အ​တိုင်း​ငါ​တို့​အား​ဒဏ်​ပေး​တတ်​ကြ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​မူ​ကား​ငါ​တို့ အ​ကျိုး​ကို​ထောက်​၍ မိ​မိ​ကဲ့​သို့​မြင့်​မြတ် သန့်​ရှင်း​နိုင်​ကြ​စေ​ရန်​ငါ​တို့​အား​ဒဏ် ပေး​တော်​မူ​ပေ​သည်။-

11. ဒဏ်​ပေး​ခြင်း​ခံ​ရ​သည်​မှာ​ပျော်​ရွှင်​စ​ရာ မ​ဟုတ်။ ဝမ်း​နည်း​စ​ရာ​ဟူ​၍​ထင်​မှတ်​ရ သော်​လည်း​ယင်း​သို့​ဆုံး​မ​ခြင်း​ခံ​ရ​သူ​တို့ သည်​ကား​နောင်​အ​ခါ​၌​ဖြောင့်​မတ်​ခြင်း​တည်း ဟူ​သော​ငြိမ်​သက်​ခြင်း​အ​ကျိုး​ကို​ရ​ရှိ​ကြ လေ​သည်။

12. သို့​ဖြစ်​၍​သင်​တို့​၏​နွမ်း​နယ်​သည့်​လက်​များ​ကို အ​ပေါ်​သို့​မ​၍​ချိ​နဲ့​သည့်​ဒူး​ဆစ်​တို့​ကို​ခိုင်​ခံ့ စေ​ကြ​လော့။-

13. လမ်း​ဖြောင့်​များ​တွင်​ဆက်​လက်​၍​လျှောက်​သွား ကြ​လော့။ သို့​မှ​သာ​လျှင်​မ​စွမ်း​မ​သန်​သော​ခြေ သည်​ချိ​နဲ့​၍​မ​နေ​ဘဲ​စွမ်း​သန်​၍​လာ​လိမ့်​မည်။

14. လူ​တိုင်း​နှင့်​ငြိမ်း​ချမ်း​စွာ​နေ​နိုင်​ရန်​ကြိုး​စား ကြ​လော့။ မြင့်​မြတ်​သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​ကို ရှာ​ကြ​လော့။ ထို​ပါ​ရ​မီ​မ​ရှိ​လျှင်​အ​ဘယ် သူ​မျှ​ဘု​ရား​သ​ခင်​ကို​ဖူး​မြင်​ရ​လိမ့်​မည် မ​ဟုတ်။-

ဟေ​ဗြဲ 12