ဟေ​ဗြဲ 12:23-27 Common Language Bible (BCL)

23. သင်​တို့​သည်​ကောင်း​ကင်​ဘုံ​စာ​ရင်း​ဝင်​သား ဦး​များ​ပျော်​ရွှင်​စွာ​စု​ဝေး​ရာ​သို့​ရောက်​ရှိ နေ​ကြ​၏။ သင်​တို့​သည်​လူ​အ​ပေါင်း​တို့​ကို တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ဘု​ရား သ​ခင်​၏​ထံ​တော်​သို့​လည်း​ကောင်း၊ အြုပစ် ဆို​ဖွယ်​မ​ရှိ​သော​သူ​တော်​ကောင်း​တို့​၏ ဝိညာဉ်​များ​ထံ​သို့​လည်း​ကောင်း​ရောက်​ရှိ နေ​ကြ​၏။-

24. သင်​တို့​သည်​ပဋိညာဉ်​တော်​သစ်​ကို​စီ​ရင် တော်​မူ​သော​သ​ခင်​ယေ​ရှု​၏​ထံ​တော်​သို့ လည်း​ကောင်း၊ အာ​ဗေ​လ​၏​သွေး​ထက်​သာ ၍​မြတ်​သော​အ​ရာ​ကို​မျှော်​လင့်​ချက်​ပေး သည့်​ပက်​ဖျန်း​သော​သွေး​တော်​၏​ထံ​သို့ လည်း​ကောင်း​ရောက်​ရှိ​နေ​ကြ​၏။

25. ထို​ကြောင့်​သင်​တို့​သည်​မိန့်​တော်​မူ​သံ​ကို ကြား​နာ​ရန်​ငြင်း​ဆန်​သူ​များ​မ​ဖြစ်​စေ​ရန် သ​တိ​ပြု​ကြ​လော့။ ဗျာ​ဒိတ်​တော်​ကို​ဆင့် ဆို​သော​သူ​ကို​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​နား ထောင်​ရန်​ငြင်း​ဆန်​သူ​တို့​သည်​အ​ပြစ်​ဒဏ် ခံ​ကြ​ရ​လျှင် ငါ​တို့​သည်​ကောင်း​ကင်​ဘုံ​မှ မိန့်​တော်​မူ​သော​အ​ရှင်​အား​ကျော​ခိုင်း​ကြ မည်​ဆို​ပါ​မူ​အ​ဘယ်​သို့​လျှင်​အ​ပြစ် ဒဏ်​မှ​လွတ်​မြောက်​နိုင်​ပါ​မည်​နည်း။-

26. ထို​စဉ်​အ​ခါ​က​ကိုယ်​တော်​၏​အ​သံ​တော် သည်​ကမ္ဘာ​မြေ​ကြီး​ကို​တုန်​လှုပ်​စေ​တော်​မူ​၏။ ကိုယ်​တော်​က``ငါ​သည်​နောက်​တစ်​ကြိမ်​ကမ္ဘာ မြေ​ကြီး​ကို​သာ​မ​က​ကောင်း​ကင်​ကို​လည်း တုန်​လှုပ်​စေ​ဦး​မည်'' ဟု​က​တိ​ထား​တော် မူ​လေ​ပြီ။-

27. ``နောက်​တစ်​ကြိမ်'' ဟူ​သော​စ​ကား​သည်​အ​ဖန် ဆင်း​ခံ​အ​ရာ​အ​ပေါင်း​တို့​ကို​တုန်​လှုပ်​ပယ် ဖျက်​တော်​မူ​မည်​ဖြစ်​သ​ဖြင့်​မ​တုန်​လှုပ်​နိုင် သော​အ​ရာ​တို့​သာ​လျှင်​ကျန်​ရစ်​တည်​ရှိ ကြ​လိမ့်​မည်​ဟု​ဆို​လို​သ​တည်း။

ဟေ​ဗြဲ 12