ဟေ​ဗြဲ 12:17-22 Common Language Bible (BCL)

17. သင်​တို့​သိ​သည့်​အ​တိုင်း သူ​သည်​နောင်​အ​ခါ​မှ ဖ​ခင်​၏​ကောင်း​ချီး​ကို​ခံ​ယူ​ရန်​အ​လို​ရှိ​၏။ သို့​ရာ​တွင်​မ​ရ​ရှိ​ခဲ့။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​သည်​မိ​မိ​ပြု​ပြီး​သည့်​အ​မှု​ကို​ပြန်​လည် ပြင်​ဆင်​ရန် နည်း​လမ်း​ကို​မျက်​ရည်​ကျ​လျက် ရှာ​သော်​လည်း​မ​တွေ့​နိုင်​သော​ကြောင့်​ဖြစ်​၏။

18-19. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကဲ့​သို့​သင်​တို့ သည်​လက်​နှင့်​စမ်း​သပ်​နိုင်​သော​သိ​နာ​တောင် သို့​ရောက်​ရှိ​နေ​ကြ​သည်​မ​ဟုတ်။ ထို​တောင် သည်​မီး​တောက်​မီး​လျှံ​ထ​၍​မဲ​မှောင်​ညို​မှိုင်း ကာ​မုန်​တိုင်း​ကျ​လျက် တံ​ပိုး​ခ​ရာ​မှုတ်​သံ နှင့်​ဗျာ​ဒိတ်​တော်​အ​သံ​ထွက်​ပေါ်​လာ​သည့် တောင်​ဖြစ်​၏။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို​နောက်​တစ်​ဖန်​မ​ကြား ရ​စေ​ရန်​မော​ရှေ​အား​တောင်း​ပန်​ကြ​၏။-

20. အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်``တိရစ္ဆာန် ပင်​ဖြစ်​စေ​ကာ​မူ​ထို​တောင်​ကို​ထိ​မိ​လျှင် ခဲ​နှင့်​ပေါက်​၍​သတ်​ရ​မည်'' ဟူ​သော​အ​မိန့် တော်​ကို​မ​ခံ​ယူ​ဝံ့​သော​ကြောင့်​ဖြစ်​၏။-

21. ထို​မြင်​ကွင်း​တစ်​ခု​လုံး​သည်​အ​လွန်​ထိတ် လန့်​ဖွယ်​ကောင်း​သ​ဖြင့်​မော​ရှေ​က``ငါ​သည် ကြောက်​လန့်​တုန်​လှုပ်​လျက်​နေ​၏'' ဟု​ဆို​၏။

22. သင်​တို့​သည်​သိ​နာ​တောင်​အ​စား​ဇိ​အုန် တောင်​သို့​လည်း​ကောင်း၊ အ​တိုင်း​မ​သိ​များ​စွာ သော​ကောင်း​ကင်​တ​မန်​များ​ရှိ​ရာ​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​မြို့​တော် တည်း​ဟူ​သော ကောင်း​ကင်​ယေ​ရု​ရှ​လင်​မြို့ သို့​လည်း​ကောင်း​ရောက်​ရှိ​နေ​ကြ​၏။-

ဟေ​ဗြဲ 12