7. ယုံကြည်ခြင်းကြောင့်နောင်ကာလ၌ဖြစ်လတ္တံ့ သောမမြင်နိုင်သည့်အမှုအရာများနှင့်ပတ် သက်၍ ဘုရားသခင်သတိပေးတော်မူခြင်း ကိုနောဧသည်ခံရလေသည်။ သူသည်ဘုရား သခင်၏စကားတော်ကိုနားထောင်ကာ မိမိ ၏အိမ်ထောင်စုကိုကယ်ဆယ်ခဲ့သောသင်္ဘော ကိုတည်ဆောက်၏။ ထို့ကြောင့်ကမ္ဘာသူကမ္ဘာ သားတို့သည် အပြစ်ဒဏ်စီရင်ခြင်းကိုခံရ လေသည်။ နောဧသည်ယုံကြည်ခြင်းအား ဖြင့်ဘုရားသခင်ထံမှဖြောင့်မတ်ခြင်းကို ရရှိသတည်း။
8. အာဗြဟံသည်ဘုရားသခင်ခေါ်တော်မူ သောအခါ ကိုယ်တော်၏စကားကိုနားထောင်၍ မိမိအားကတိထားတော်မူသောပြည်သို့ ယုံကြည်ခြင်းအားဖြင့်ထွက်ခွာသွား၏။ သူ သည်အဘယ်အရပ်သို့သွားရမည်ကို မသိဘဲ မိမိ၏ရပ်ရွာကိုစွန့်ခဲ့ပေသည်။-
9. ဘုရားသခင်ကတိထားတော်မူသောပြည် ၌ သူသည်တစ်ကျွန်းတစ်နိုင်ငံသားအဖြစ် ယုံကြည်ခြင်းအားဖြင့်နေထိုင်ခဲ့၏။ သူသည် မိမိနည်းတူကတိတော်ကိုခံစားရသူ ဣဇာက်၊ ယာကုပ်တို့ကဲ့သို့တဲရှင်ထိုး၍ နေလေသည်။-
10. အဘယ်ကြောင့်ဆိုသော်အာဗြဟံသည် ဘုရားသခင်စီမံတည်ဆောက်တော်မူ သောခိုင်ခန့်သည့်အုတ်မြစ်ရှိသောမြို့ကို မျှော်လင့်စောင့်စားလျက်နေသောကြောင့် တည်း။
11. အာဗြဟံသည်အိုမင်းလေပြီ။ စာရာသည် လည်းသားသမီးမွေးဖွားနိုင်သောအရွယ် လွန်လေပြီ။ သို့ရာတွင်အာဗြဟံသည် ယုံကြည်ခြင်းအားဖြင့်ဖခင်ဖြစ်လာ၏။ ဘုရားသခင်သည်ကတိထားတော်မူသည် အတိုင်းသစ္စာတည်တော်မူသည်ဟုယုံ ကြည်၏။-
12. အာဗြဟံသည်သူသေနှင့်မထူးခြား သော်လည်း သူတစ်ယောက်မှပေါက်ဖွားလာ သောသားမြေးများမှာကောင်းကင်ကြယ် များကဲ့သို့လည်းကောင်း၊ မရေမတွက်နိုင် သောပင်လယ်ကမ်းခြေသဲလုံးများကဲ့သို့ လည်းကောင်းများပြားသတည်း။
13. ထိုသူအပေါင်းတို့သည်ယုံကြည်လျက် သေလွန်ကြကုန်၏။ သူတို့သည်ဘုရား သခင်ကတိထားတော်မူသောအရာ များကိုမခံစားကြရသော်လည်း အဝေး မှမြင်၍ကြိုဆိုကြ၏။ သူတို့သည်ကမ္ဘာ မြေကြီးပေါ်တွင်တစ်ကျွန်းတစ်နိုင်ငံသား၊ ဧည့်သည်အာဂန္တုများသာဖြစ်ကြောင်း ကိုပွင့်လင်းစွာဝန်ခံကြပေသည်။-
14. ယင်းသို့ဝန်ခံသူတို့သည် မိမိတို့ကိုယ်ပိုင် နိုင်ငံတစ်ခုကိုရှာလျက်နေကြကြောင်း အတိအလင်းပြောဆိုကြ၏။-
15. သူတို့သည်မိမိတို့ထွက်ခွာလာခဲ့သည့်ပြည် ကိုတမ်းတလျက်နေကြသည်မဟုတ်။ ထို ပြည်ကိုတမ်းတပါကပြန်နိုင်ရန်အခွင့် ကိုရရှိကြပေသည်။-
16. သို့ရာတွင်သူတို့သည်ထိုပြည်ထက်သာလွန် ကောင်းမြတ်သည့်ကောင်းကင်ရွှေပြည်ကိုတမ်းတ ကြသည်ဖြစ်၍ ဘုရားသခင်သည်သူတို့၏ ဘုရားဟူ၍ခေါ်ဝေါ်ခြင်းခံရသည်ကိုရှက် တော်မမူ။ ကိုယ်တော်သည်သူတို့နေထိုင်ရန် မြို့ကိုပြင်ဆင်တော်မူပြီးဖြစ်သတည်း။
19. ဣဇာက်အားသေရာမှဘုရားသခင်ပြန်၍ ရှင်စေတော်မူနိုင်ကြောင်းကိုသူသည်မှတ်ယူ ၏။ အမှန်စင်စစ်အားဖြင့်သူသည်မိမိ၏ သားကိုသေရာမှပြန်၍ရသည်ဟုဆိုနိုင် လေသည်။
20. ဣဇာက်သည်ယုံကြည်ခြင်းအားဖြင့်အနာဂတ် ကာလကိုရည်မှန်း၍ယာကုပ်နှင့်ဧသောအား ကောင်းချီးပေး၏။
21. ယာကုပ်သည်သေချိန်နီးသောအခါယုံကြည် ခြင်းအားဖြင့် ယောသပ်၏သားနှစ်ယောက်ကို ကောင်းချီးပေးလေသည်။ သူသည်မိမိ၏တောင် ဝှေးထိပ်ကိုမှီပြီးလျှင်ဘုရားသခင်အား ဆုတောင်းလေ၏။
22. ယောသပ်သည်သေချိန်နီးသောအခါယုံကြည် ခြင်းအားဖြင့် အီဂျစ်ပြည်မှဣသရေလအမျိုး သားတို့လွတ်မြောက်လာမည့်အခြင်းအရာ ကိုရည်ညွှန်းပြောကြားကာ မိမိ၏အရိုး များနှင့်ပတ်သက်၍မှာကြား၏။
23. မောရှေကိုဖွားမြင်ပြီးနောက်သူ၏မိဘတို့သည် ယုံကြည်ခြင်းအားဖြင့်သူ့အားသုံးလတိုင်တိုင် ဝှက်ထားကြ၏။ မောရှေသည်ချစ်စရာကောင်း သောသူငယ်ဖြစ်သဖြင့် သူတို့သည်ရှင်ဘုရင် ၏အမိန့်တော်ကိုပင်လွန်ဆန်ရန်မကြောက် ကြ။
24. မောရှေသည်ကြီးပြင်းလာသောအခါယုံကြည် ခြင်းအားဖြင့် မိမိကိုယ်ကိုဖာရောဘုရင့်သမီး တော်၏သားဟူ၍အခေါ်မခံဘဲနေ၏။-