32. ဆက်လက်ဖော်ပြရန်လိုသေးသလော။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလနှင့် ပရောဖက်များအကြောင်းကိုဖော်ပြရန် အချိန်လောက်မည်မဟုတ်။-
33. ထိုသူတို့သည်ယုံကြည်ခြင်းအားဖြင့်တိုင်း နိုင်ငံများကိုနှိမ်နင်းအောင်မြင်ခဲ့ကြ၏။ အမှန် တရားကိုကျင့်သုံး၍ဘုရားသခင်၏ကတိ တော်အတိုင်းခံစားခဲ့ကြ၏။ ခြင်္သေ့များ၏နှုတ် ကိုပိတ်ခဲ့ကြ၏။-
34. ပြင်းထန်စွာတောက်လောင်နေသောမီးကိုငြိမ်း သတ်ခဲ့ကြ၏။ ဋ္ဌားဘေးမှလွတ်မြောက်ခဲ့ကြ၏။ သူတို့သည်ခွန်အားနည်းသူများဖြစ်သော်လည်း ခွန်အားကြီးလာကြ၏။ စစ်ရေး၌စွမ်းရည်သတ္တိ ရှိလျက်တိုင်းတစ်ပါးမှတပ်များကိုဖြိုခွင်း ကြ၏။-
35. အမျိုးသမီးတို့သည်လည်းယုံကြည်ခြင်း အားဖြင့်သေရာမှရှင်လာသောဆွေမျိုးများ တို့ကိုပြန်လည်၍ရရှိကြ၏။အချို့သောသူတို့သည်လွတ်မြောက်ခွင့်ကို လက်မခံဘဲ သာလွန်မွန်မြတ်သည့်ဘဝသို့ ထမြောက်ဝင်စားရစေရန်နှိပ်စက်ညှဉ်းဆဲ ခြင်းကိုခံ၍သေကြကုန်၏။-
36. အချို့သောသူတို့သည်ကဲ့ရဲ့ရိုက်နှက်ခြင်းကို ခံကြရ၏။ အချို့သူတို့သည်ကားသံကြိုးဖြင့် ချည်နှောင်ကာအကျဉ်းချခြင်းကိုခံရကြ၏။-
37. သူတို့သည်ခဲနှင့်ပေါက်ခြင်း၊ လွှနှင့်တိုက်ဖြတ် ခြင်း၊ ဋ္ဌားနှင့်ခုတ်သတ်ခြင်းတို့ကိုခံကြရ၏။ သူတို့သည်ဆင်းရဲနွမ်းပါးလျက်အနှိပ်အစက် ကိုခံ၍မတရားအနိုင်အထက်ပြုခြင်းကို ခံကာ၊ သိုးရေဆိတ်ရေတို့ကိုဝတ်၍သွားလာ ကြရ၏။-
38. ကမ္ဘာလောကသည်ထိုသူတို့နှင့်မထိုက်မတန် ပါတကား။ သူတို့သည်လိုဏ်ဂူများနှင့်မြေ တွင်းများတွင်နေထိုင်ကြလျက်တောကန္တာရ များနှင့်တောင်ပေါ်ဒေသများသို့လှည့်လည် သွားလာရကြ၏။
39. ဤသူအပေါင်းတို့သည်မိမိတို့၏ယုံကြည် ခြင်းကြောင့်ဂုဏ်ပြုချီးမွမ်းခြင်းကိုခံကြရ၏။ သို့ရာတွင်သူတို့သည်ဘုရားသခင်ကတိ ထားတော်မူသောကောင်းကျိုးချမ်းသာများ ကိုမခံစားကြရ။-
40. အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည် ငါတို့အတွက်ပိုမိုကောင်းမြတ်သည့်အကြံ အစည်တော်ရှိတော်မူသောကြောင့်ဖြစ်၏။ ယင်းအကြံအစည်တော်မှာထိုသူတို့သည် ငါတို့ပါရှိမှသာလျှင်ပြည့်ဝစုံလင်သူ များဖြစ်လာကြစေရန်ပင်ဖြစ်ပေသည်။