ဟေ​ဗြဲ 10:8-26 Common Language Bible (BCL)

8. ကိုယ်​တော်​က​မီး​ရှို့​ရာ​ယဇ်၊ အ​ပြစ်​ဖြေ​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ​နှင့်​ပူ​ဇော်​သ​ကာ​များ​သည် ပ​ညတ်​တ​ရား​အ​ရ​ပြု​အပ်​သည့်​ဝတ်​များ​ပင် ဖြစ်​သော်​လည်း ထို​အ​ရာ​များ​ကို​ဘု​ရား​သ​ခင် အ​လို​ရှိ​တော်​မ​မူ​ကြောင်း၊ အား​ရ​နှစ်​သက် တော်​မ​မူ​ကြောင်း​ဦး​စွာ​ပ​ထ​မ​ဖော်​ပြ​၏။-

9. ထို​နောက်``အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည်​အ​လို တော်​ကို​ဆောင်​ရွက်​ရန်​ရောက်​ရှိ​လာ​ပါ​ပြီ'' ဟု လျှောက်​ထား​၏။ ထို​ကြောင့်​ဘု​ရား​သ​ခင်​သည် ယ​ခင်​တင်​လှူ​ပူ​ဇော်​မှု​အ​ပေါင်း​ကို​ပယ်​ဖျက်​၍ ခ​ရစ်​တော်​၏​တင်​လှူ​ပူ​ဇော်​မှု​ဖြင့်​အ​စား​ထိုး တော်​မူ​သည်။-

10. ယေ​ရှု​ခ​ရစ်​သည်​ဘု​ရား​သ​ခင်​၏​အ​လို​တော် ကို​လိုက်​၍ မိ​မိ​ကိုယ်​ခန္ဓာ​ကို​တစ်​ခါ​တည်း အ​ပြီး​အ​ပိုင်​တင်​လှူ​ပူ​ဇော်​တော်​မူ​သ​ဖြင့် ငါ​တို့​အ​ပေါင်း​သည်​သန့်​စင်​မှု​ကို​ရ​ရှိ​ကြ​၏။

11. ယု​ဒ​ယဇ်​ပု​ရော​ဟိတ်​သည်​နေ့​စဉ်​နေ့​တိုင်း မိ​မိ ၏​ဝတ္တ​ရား​ကို​ရပ်​၍ ဆောင်​ရွက်​လျက်​အ​ဘယ် အ​ခါ​၌​မျှ အ​ပြစ်​ဖြေ​နိုင်​စွမ်း​မ​ရှိ​သည့်​ယဇ် ကို​အ​ဖန်​တ​လဲ​လဲ​ပူ​ဇော်​ရ​၏။-

12. သို့​သော်​ခ​ရစ်​တော်​မူ​ကား​အ​ပြစ်​များ​ကို ဖြေ​ရန် အ​ခါ​ခပ်​သိမ်း​အ​တွက်​ယဇ်​တစ်​ခု တည်း​ကို​ပူ​ဇော်​တော်​မူ​၏။ ထို့​နောက်​ဘု​ရား သ​ခင်​၏​လက်​ယာ​တော်​ဘက်​တွင်​ထိုင်​တော် မူ​ပြီး​လျှင်၊-

13. ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ခြေ​ဖ​ဝါး​တော် အောက်​သို့​ရန်​သူ​များ​ရောက်​ရှိ​လာ​စေ​တော်​မူ သည်​တိုင်​အောင်​စောင့်​ဆိုင်း​လျက်​နေ​တော်​မူ​၏။-

14. ကိုယ်​တော်​သည်​မိ​မိ​ကိုယ်​ကို​တစ်​ကြိမ်​တည်း ပူ​ဇော်​ခြင်း​အား​ဖြင့် အ​ပြစ်​မှ​သန့်​စင်​လာ သူ​တို့​အား​ထာ​ဝ​စဉ်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ သူ​များ​ဖြစ်​လာ​စေ​တော်​မူ​သ​တည်း။

17. ထို​နောက်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က``သူ​တို့ ၏​အ​ပြစ်​များ​နှင့်​ဆိုး​သွမ်း​မှု​များ​ကို ငါ​သ​တိ ရ​တော့​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​ပေ​သည်။-

18. ဤ​သို့​အ​ပြစ်​များ​ဖြေ​လွှတ်​ခွင့်​ရ​ရှိ​ကြ​သော အ​ခါ အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သကာ​များ​ကို​ဆက် သ​ရန်​လို​တော့​မည်​မ​ဟုတ်​ပေ။

19. သို့​ဖြစ်​၍​ငါ​၏​ညီ​အစ်​ကို​တို့၊ သ​ခင်​ယေ​ရှု အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့် ငါ​တို့​သည် လွတ်​လပ်​စွာ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် သို့​ဝင်​ခွင့်​ရ​ကြ​၏။-

20. ကိုယ်​တော်​သည်​မိ​မိ​၏​ကိုယ်​ခန္ဓာ​တော်​တည်း ဟူ​သော​ဗိ​မာန်​တော်​ကန့်​လန့်​ကာ​ကို​ဖြတ်​၍ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​သို့​ရောက်​ရာ အ​သက်​လမ်း​သစ်​ကို​ဖွင့်​၍​ပေး​တော်​မူ​ပြီ။-

21. ငါ​တို့​တွင်​ဘု​ရား​သ​ခင်​၏​အိမ်​ထောင်​ကို အုပ်​စိုး​သည့်​ယဇ်​ပု​ရော​ဟိတ်​ကြီး​ရှိ​၏။-

22. သို့​ဖြစ်​၍​ငါ​တို့​သည်​မိ​မိ​တို့​၏​သန့်​သော သြတ္တပ္ပ​စိတ်​စင်​ကြယ်​လျက် ငါ​တို့​၏​ကိုယ်​ခန္ဓာ များ​ကို​ရေ​စင်​ဖြင့်​ဆေး​ကြော​၍​ရိုး​သား​သော စိတ်၊ ခိုင်​မာ​သော​ယုံ​ကြည်​ခြင်း​တို့​ဖြင့်​ဘု​ရား သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​ကုန်​အံ့။-

23. ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​က​တိ​တော်​ကို စိတ်​ချ​ယုံ​ကြည်​နိုင်​သည်​ဖြစ်​၍ မိ​မိ​တို့​ဝန်​ခံ သော​မျှော်​လင့်​ခြင်း​ကို​စွဲ​မြဲ​စွာ​ဆုပ်​ကိုင်​ထား ကြ​ကုန်​အံ့။-

24. ငါ​တို့​သည်​တစ်​ယောက်​ကို​တစ်​ယောက်​အ​လေး ဂ​ရု​ပြု​လျက် ကူ​ညီ​ယိုင်း​ပင်း​လျက်​မေတ္တာ​ထား လျက်​ကျေး​ဇူး​ပြု​လျက်​နေ​ကြ​ကုန်​အံ့။-

25. အ​ချင်း​ချင်း​တွေ့​ဆုံ​ဝတ်​ပြု​သည့်​အ​လေ့​အ​ထ ကို လူ​အ​ချို့​တို့​စွန့်​လွှတ်​သ​ကဲ့​သို့​ငါ​တို့​သည် မ​ပြု​ဘဲ​နေ​ကြ​စို့။ တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​နီး​ကပ်​လာ​သည်​ကို​ထောက်​သ​ဖြင့် ငါ​တို့​သည်​ပို​၍​တစ်​ယောက်​ကို​တစ်​ယောက် အား​ပေး​ကြ​ကုန်​အံ့။

26. ငါ​တို့​သည်​သမ္မာ​တ​ရား​ကို​သိ​ရှိ​ကြ​ပြီး​မှ တ​မင်​သက်​သက်​ဆက်​လက်​အ​ပြစ်​ကူး​နေ ကြ​မည်​ဆို​ပါ​မူ၊ ငါ​တို့​၏​အ​ပြစ်​များ အ​တွက်​ပူ​ဇော်​ရန်​ယဇ်​ရှိ​တော့​မည်​မ​ဟုတ်။-

ဟေ​ဗြဲ 10