6. မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာပူဇော်သကာ တို့ကို ကိုယ်တော်နှစ်သက်တော်မမူပါ။
7. သို့ဖြစ်၍ပညတ်ကျမ်းတွင်အကျွန်ုပ်အကြောင်းကို ရေးသားဖော်ပြထားသည်နှင့်အညီ၊`အို ဘုရားသခင်၊အကျွန်ုပ်သည်အလိုတော်ကိုဆောင်ရွက်ရန်ရောက်လာပါပြီ' ဟုအကျွန်ုပ်ဝန်ခံ ပါ၏''ဟုလျှောက်ထားတော်မူလေသည်။-
8. ကိုယ်တော်ကမီးရှို့ရာယဇ်၊ အပြစ်ဖြေရာယဇ် အစရှိသောယဇ်များနှင့်ပူဇော်သကာများသည် ပညတ်တရားအရပြုအပ်သည့်ဝတ်များပင် ဖြစ်သော်လည်း ထိုအရာများကိုဘုရားသခင် အလိုရှိတော်မမူကြောင်း၊ အားရနှစ်သက် တော်မမူကြောင်းဦးစွာပထမဖော်ပြ၏။-
9. ထိုနောက်``အို ဘုရားသခင်၊ အကျွန်ုပ်သည်အလို တော်ကိုဆောင်ရွက်ရန်ရောက်ရှိလာပါပြီ'' ဟု လျှောက်ထား၏။ ထိုကြောင့်ဘုရားသခင်သည် ယခင်တင်လှူပူဇော်မှုအပေါင်းကိုပယ်ဖျက်၍ ခရစ်တော်၏တင်လှူပူဇော်မှုဖြင့်အစားထိုး တော်မူသည်။-
10. ယေရှုခရစ်သည်ဘုရားသခင်၏အလိုတော် ကိုလိုက်၍ မိမိကိုယ်ခန္ဓာကိုတစ်ခါတည်း အပြီးအပိုင်တင်လှူပူဇော်တော်မူသဖြင့် ငါတို့အပေါင်းသည်သန့်စင်မှုကိုရရှိကြ၏။
11. ယုဒယဇ်ပုရောဟိတ်သည်နေ့စဉ်နေ့တိုင်း မိမိ ၏ဝတ္တရားကိုရပ်၍ ဆောင်ရွက်လျက်အဘယ် အခါ၌မျှ အပြစ်ဖြေနိုင်စွမ်းမရှိသည့်ယဇ် ကိုအဖန်တလဲလဲပူဇော်ရ၏။-
12. သို့သော်ခရစ်တော်မူကားအပြစ်များကို ဖြေရန် အခါခပ်သိမ်းအတွက်ယဇ်တစ်ခု တည်းကိုပူဇော်တော်မူ၏။ ထို့နောက်ဘုရား သခင်၏လက်ယာတော်ဘက်တွင်ထိုင်တော် မူပြီးလျှင်၊-
13. ဘုရားသခင်သည်မိမိ၏ခြေဖဝါးတော် အောက်သို့ရန်သူများရောက်ရှိလာစေတော်မူ သည်တိုင်အောင်စောင့်ဆိုင်းလျက်နေတော်မူ၏။-
14. ကိုယ်တော်သည်မိမိကိုယ်ကိုတစ်ကြိမ်တည်း ပူဇော်ခြင်းအားဖြင့် အပြစ်မှသန့်စင်လာ သူတို့အားထာဝစဉ်အပြစ်ဆိုဖွယ်မရှိ သူများဖြစ်လာစေတော်မူသတည်း။
17. ထိုနောက်သန့်ရှင်းသောဝိညာဉ်တော်က``သူတို့ ၏အပြစ်များနှင့်ဆိုးသွမ်းမှုများကို ငါသတိ ရတော့မည်မဟုတ်'' ဟုမိန့်တော်မူပေသည်။-
18. ဤသို့အပြစ်များဖြေလွှတ်ခွင့်ရရှိကြသော အခါ အပြစ်ဖြေရာပူဇော်သကာများကိုဆက် သရန်လိုတော့မည်မဟုတ်ပေ။
19. သို့ဖြစ်၍ငါ၏ညီအစ်ကိုတို့၊ သခင်ယေရှု အသေခံတော်မူခြင်းအားဖြင့် ငါတို့သည် လွတ်လပ်စွာအလွန်သန့်ရှင်းရာဌာနတော် သို့ဝင်ခွင့်ရကြ၏။-