3-4. ယခုမှာနွားသွေး၊ ဆိတ်သွေးတို့သည်အဘယ် အခါ၌မျှ အပြစ်ဒုစရိုက်များကိုဖယ်ရှား ၍မပေးနိုင်သဖြင့် ယင်းသို့ယဇ်ပူဇော်ခြင်း သည်လူတို့အားနှစ်စဉ်နှစ်တိုင်း မိမိတို့၏ အပြစ်များကိုသာလျှင်သတိရစေသည်။
5. ထို့ကြောင့်ခရစ်တော်သည် ဤလောကသို့ကြွ လာတော်မူသောအခါ၌ဘုရားသခင်အား၊``ကိုယ်တော်သည်ယဇ်နှင့်ပူဇော်သကာကို အလိုရှိတော်မမူပါ။သို့ရာတွင်အကျွန်ုပ်အတွက်ကိုယ်ခန္ဓာကို ပြင်ဆင်ထားတော်မူပါပြီ။
6. မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာပူဇော်သကာ တို့ကို ကိုယ်တော်နှစ်သက်တော်မမူပါ။
7. သို့ဖြစ်၍ပညတ်ကျမ်းတွင်အကျွန်ုပ်အကြောင်းကို ရေးသားဖော်ပြထားသည်နှင့်အညီ၊`အို ဘုရားသခင်၊အကျွန်ုပ်သည်အလိုတော်ကိုဆောင်ရွက်ရန်ရောက်လာပါပြီ' ဟုအကျွန်ုပ်ဝန်ခံ ပါ၏''ဟုလျှောက်ထားတော်မူလေသည်။-