33. သင်တို့သည်တစ်ခါတစ်ရံလူတို့ရှေ့တွင် ကဲ့ရဲ့ ညှဉ်းဆဲခြင်းကိုခံကြရ၏။ တစ်ခါတစ်ရံ အခြားသူတို့ကဲ့ရဲ့ညှဉ်းဆဲခြင်းခံရသော အခါ၌ သင်တို့လည်းပါဝင်ကဲ့ရဲ့ညှဉ်းဆဲ ခြင်းခံရန်အသင့်ရှိကြသည်။-
34. သင်တို့သည်အကျဉ်းခံနေရသူတို့အတွက် ကြောင့် ကြင်နာသောစိတ်ရှိကြ၏။ မိမိတို့၏ ဥစ္စာပစ္စည်းများကိုအတင်းအဋ္ဌမ္မသိမ်းယူ သည်ကိုလည်းဝမ်းမြောက်စွာခံကြ၏။ အဘယ် ကြောင့်ဆိုသော်မိမိတို့၌ထိုအရာများ ထက်ပို၍ ကောင်းမြတ်တည်မြဲသည့်အရာ ရှိကြောင်းကိုသိကြသောကြောင့်ပင်ဖြစ် ပေသည်။-
35. သို့ဖြစ်၍ရဲစွမ်းသတ္တိရှိကြလော့။ ရဲစွမ်း သတ္တိရှိခြင်းသည်ကြီးမြတ်သောဆုလာဘ် ကိုရရှိစေလိမ့်မည်။-