32. ယခင်နေ့ရက်များကိုသတိရကြလော့။ ထို စဉ်အခါကသင်တို့သည်ဘုရားသခင် ၏အလင်းတော်ကိုခံယူရရှိပြီးနောက် ဆင်းရဲဒုက္ခကိုပြင်းထန်စွာခံစားကြ ရသော်လည်းခံနိုင်ရည်ရှိခဲ့ကြ၏။-
33. သင်တို့သည်တစ်ခါတစ်ရံလူတို့ရှေ့တွင် ကဲ့ရဲ့ ညှဉ်းဆဲခြင်းကိုခံကြရ၏။ တစ်ခါတစ်ရံ အခြားသူတို့ကဲ့ရဲ့ညှဉ်းဆဲခြင်းခံရသော အခါ၌ သင်တို့လည်းပါဝင်ကဲ့ရဲ့ညှဉ်းဆဲ ခြင်းခံရန်အသင့်ရှိကြသည်။-
34. သင်တို့သည်အကျဉ်းခံနေရသူတို့အတွက် ကြောင့် ကြင်နာသောစိတ်ရှိကြ၏။ မိမိတို့၏ ဥစ္စာပစ္စည်းများကိုအတင်းအဋ္ဌမ္မသိမ်းယူ သည်ကိုလည်းဝမ်းမြောက်စွာခံကြ၏။ အဘယ် ကြောင့်ဆိုသော်မိမိတို့၌ထိုအရာများ ထက်ပို၍ ကောင်းမြတ်တည်မြဲသည့်အရာ ရှိကြောင်းကိုသိကြသောကြောင့်ပင်ဖြစ် ပေသည်။-
35. သို့ဖြစ်၍ရဲစွမ်းသတ္တိရှိကြလော့။ ရဲစွမ်း သတ္တိရှိခြင်းသည်ကြီးမြတ်သောဆုလာဘ် ကိုရရှိစေလိမ့်မည်။-
36. ဘုရားသခင်၏အလိုတော်ကိုလိုက်လျှောက် နိုင်ရန်နှင့် ကတိတော်နှင့်အညီခံစားနိုင်ရန် သင်တို့သည်သည်းခံစိတ်ရှိရမည်။
37. ``ကြွလာတော်မူမည့်အရှင်သည်အချိန်အနည်းငယ်အတွင်း၌ကြွလာတော်မူလိမ့် မည်။နှောင့်နှေးလျက်နေတော်မူလိမ့်မည်မဟုတ်။
38. ဖြောင့်မတ်သူများဖြစ်ကြသောငါ၏လူစု တော်သည် ယုံကြည်၍အသက်ရှင်လိမ့်မည်။သို့ရာတွင်တွန့်ဆုတ်သွားသူကိုမူကား ငါသည်နှစ်သက်လိမ့်မည်မဟုတ်''ဟုကျမ်းစာတော်တွင်ဖော်ပြပါရှိ၏။-
39. ငါတို့သည်တွန့်ဆုတ်သဖြင့်ဆုံးပါးပျက် စီးရသူများမဟုတ်ဘဲ ယုံကြည်သဖြင့် ကယ်တင်ခြင်းကိုခံရသူများဖြစ်ကြ၏။