31. အသက်ရှင်တော်မူသောဘုရားသခင်၏ လက်တော်သို့ကျရောက်ရခြင်းသည် ကြောက် မက်ဖွယ်ကောင်းလှပါသည်တကား။
32. ယခင်နေ့ရက်များကိုသတိရကြလော့။ ထို စဉ်အခါကသင်တို့သည်ဘုရားသခင် ၏အလင်းတော်ကိုခံယူရရှိပြီးနောက် ဆင်းရဲဒုက္ခကိုပြင်းထန်စွာခံစားကြ ရသော်လည်းခံနိုင်ရည်ရှိခဲ့ကြ၏။-
33. သင်တို့သည်တစ်ခါတစ်ရံလူတို့ရှေ့တွင် ကဲ့ရဲ့ ညှဉ်းဆဲခြင်းကိုခံကြရ၏။ တစ်ခါတစ်ရံ အခြားသူတို့ကဲ့ရဲ့ညှဉ်းဆဲခြင်းခံရသော အခါ၌ သင်တို့လည်းပါဝင်ကဲ့ရဲ့ညှဉ်းဆဲ ခြင်းခံရန်အသင့်ရှိကြသည်။-