ဟေ​ဗြဲ 10:23-39 Common Language Bible (BCL)

3-4. ယ​ခု​မှာ​နွား​သွေး၊ ဆိတ်​သွေး​တို့​သည်​အ​ဘယ် အ​ခါ​၌​မျှ အ​ပြစ်​ဒု​စ​ရိုက်​များ​ကို​ဖယ်​ရှား ၍​မ​ပေး​နိုင်​သ​ဖြင့် ယင်း​သို့​ယဇ်​ပူ​ဇော်​ခြင်း သည်​လူ​တို့​အား​နှစ်​စဉ်​နှစ်​တိုင်း မိ​မိ​တို့​၏ အ​ပြစ်​များ​ကို​သာ​လျှင်​သ​တိ​ရ​စေ​သည်။

23. ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​က​တိ​တော်​ကို စိတ်​ချ​ယုံ​ကြည်​နိုင်​သည်​ဖြစ်​၍ မိ​မိ​တို့​ဝန်​ခံ သော​မျှော်​လင့်​ခြင်း​ကို​စွဲ​မြဲ​စွာ​ဆုပ်​ကိုင်​ထား ကြ​ကုန်​အံ့။-

24. ငါ​တို့​သည်​တစ်​ယောက်​ကို​တစ်​ယောက်​အ​လေး ဂ​ရု​ပြု​လျက် ကူ​ညီ​ယိုင်း​ပင်း​လျက်​မေတ္တာ​ထား လျက်​ကျေး​ဇူး​ပြု​လျက်​နေ​ကြ​ကုန်​အံ့။-

25. အ​ချင်း​ချင်း​တွေ့​ဆုံ​ဝတ်​ပြု​သည့်​အ​လေ့​အ​ထ ကို လူ​အ​ချို့​တို့​စွန့်​လွှတ်​သ​ကဲ့​သို့​ငါ​တို့​သည် မ​ပြု​ဘဲ​နေ​ကြ​စို့။ တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​နီး​ကပ်​လာ​သည်​ကို​ထောက်​သ​ဖြင့် ငါ​တို့​သည်​ပို​၍​တစ်​ယောက်​ကို​တစ်​ယောက် အား​ပေး​ကြ​ကုန်​အံ့။

26. ငါ​တို့​သည်​သမ္မာ​တ​ရား​ကို​သိ​ရှိ​ကြ​ပြီး​မှ တ​မင်​သက်​သက်​ဆက်​လက်​အ​ပြစ်​ကူး​နေ ကြ​မည်​ဆို​ပါ​မူ၊ ငါ​တို့​၏​အ​ပြစ်​များ အ​တွက်​ပူ​ဇော်​ရန်​ယဇ်​ရှိ​တော့​မည်​မ​ဟုတ်။-

27. ငါ​တို့​သည်​တ​ရား​စီ​ရင်​တော်​မူ​ခြင်း​ကို​လည်း ကောင်း၊ ဘု​ရား​သ​ခင်​ကို​အ​တိုက်​အ​ခံ​ပြု​သူ တို့​အား​ကျွမ်း​လောင်​စေ​မည့်​အ​မျက်​တော်​မီး ကို​လည်း​ကောင်း​ကြောက်​ရွံ့​တုန်​လှုပ်​လျက်​စောင့် မျှော်​နေ​ကြ​ရန်​သာ​ရှိ​တော့​၏။-

28. မော​ရှေ​၏​ပ​ညတ်​တ​ရား​ကို​မ​စောင့်​ထိန်း​သူ ယု​ဒ​အ​မျိုး​သား​မှန်​သ​မျှ​သည် အ​သိ​သက် သေ​နှစ်​ဦး​သုံး​ဦး​၏​ထွက်​ဆို​ချက်​အ​ရ အ​ပြစ်​ရှိ​ကြောင်း​တွေ့​ရှိ​ရ​ပါ​မူ၊ သ​နား ညှာ​တာ​မှု​မ​ရှိ​ဘဲ​သေ​ဒဏ်​ပေး​ခြင်း​ကို ခံ​ကြ​ရ​၏။-

29. ဘု​ရား​သ​ခင်​၏​သား​တော်​ကို​ရှုတ်​ချ​၍ မိ​မိ အား​အ​ပြစ်​မှ​သန့်​စင်​စေ​သည့်​ပ​ဋိ​ညာဉ် တ​ရား​ဆိုင်​ရာ​သွေး​တော်​ကို​မ​ထီ​မဲ့​မြင် ပြု​လျက် ကျေး​ဇူး​တော်​ကို​ပေး​သည့်​ဝိ​ညာဉ် တော်​ကို​စော်​ကား​သော​သူ​မူ​ကား အ​ဘယ်​မျှ ကြီး​လေး​သော​အ​ပြစ်​ဒဏ်​ခံ​ရ​မည်​ကို စဉ်း​စား​၍​ကြည့်​ကြ​လော့။-

30. ``ငါ​သည်​လက်​စား​ချေ​မည်၊ ငါ​သည်​ဆပ်​ပေး မည်'' ဟူ​၍​လည်း​ကောင်း``ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​လူ​စု​တော်​အား​တ​ရား​စီ​ရင်​တော်​မူ မည်'' ဟူ​၍​လည်း​ကောင်း မိန့်​တော်​မူ​သော​အ​ရှင် သည်​မည်​သူ​ဖြစ်​သည်​ကို​ငါ​တို့​သိ​ကြ​၏။-

31. အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ လက်​တော်​သို့​ကျ​ရောက်​ရ​ခြင်း​သည် ကြောက် မက်​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။

32. ယ​ခင်​နေ့​ရက်​များ​ကို​သ​တိ​ရ​ကြ​လော့။ ထို စဉ်​အ​ခါ​က​သင်​တို့​သည်​ဘု​ရား​သ​ခင် ၏​အ​လင်း​တော်​ကို​ခံ​ယူ​ရ​ရှိ​ပြီး​နောက် ဆင်း​ရဲ​ဒုက္ခ​ကို​ပြင်း​ထန်​စွာ​ခံ​စား​ကြ ရ​သော်​လည်း​ခံ​နိုင်​ရည်​ရှိ​ခဲ့​ကြ​၏။-

33. သင်​တို့​သည်​တစ်​ခါ​တစ်​ရံ​လူ​တို့​ရှေ့​တွင် ကဲ့​ရဲ့ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ကြ​ရ​၏။ တစ်​ခါ​တစ်​ရံ အ​ခြား​သူ​တို့​ကဲ့​ရဲ့​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သော အ​ခါ​၌ သင်​တို့​လည်း​ပါ​ဝင်​ကဲ့​ရဲ့​ညှဉ်း​ဆဲ ခြင်း​ခံ​ရန်​အ​သင့်​ရှိ​ကြ​သည်။-

34. သင်​တို့​သည်​အ​ကျဉ်း​ခံ​နေ​ရ​သူ​တို့​အ​တွက် ကြောင့် ကြင်​နာ​သော​စိတ်​ရှိ​ကြ​၏။ မိ​မိ​တို့​၏ ဥစ္စာ​ပစ္စည်း​များ​ကို​အ​တင်း​အ​ဋ္ဌမ္မ​သိမ်း​ယူ သည်​ကို​လည်း​ဝမ်း​မြောက်​စွာ​ခံ​ကြ​၏။ အ​ဘယ် ကြောင့်​ဆို​သော်​မိ​မိ​တို့​၌​ထို​အ​ရာ​များ ထက်​ပို​၍ ကောင်း​မြတ်​တည်​မြဲ​သည့်​အ​ရာ ရှိ​ကြောင်း​ကို​သိ​ကြ​သော​ကြောင့်​ပင်​ဖြစ် ပေ​သည်။-

35. သို့​ဖြစ်​၍​ရဲ​စွမ်း​သတ္တိ​ရှိ​ကြ​လော့။ ရဲ​စွမ်း သတ္တိ​ရှိ​ခြင်း​သည်​ကြီး​မြတ်​သော​ဆု​လာဘ် ကို​ရ​ရှိ​စေ​လိမ့်​မည်။-

36. ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို​လိုက်​လျှောက် နိုင်​ရန်​နှင့် က​တိ​တော်​နှင့်​အ​ညီ​ခံ​စား​နိုင်​ရန် သင်​တို့​သည်​သည်း​ခံ​စိတ်​ရှိ​ရ​မည်။

37. ``ကြွ​လာ​တော်​မူ​မည့်​အ​ရှင်​သည်​အ​ချိန်အ​နည်း​ငယ်​အ​တွင်း​၌​ကြွ​လာ​တော်​မူ​လိမ့် မည်။နှောင့်​နှေး​လျက်​နေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။

38. ဖြောင့်​မတ်​သူ​များ​ဖြစ်​ကြ​သော​ငါ​၏​လူ​စု တော်​သည် ယုံ​ကြည်​၍​အ​သက်​ရှင်​လိမ့်​မည်။သို့​ရာ​တွင်​တွန့်​ဆုတ်​သွား​သူ​ကို​မူ​ကား ငါ​သည်​နှစ်​သက်​လိမ့်​မည်​မ​ဟုတ်''ဟု​ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ပါ​ရှိ​၏။-

39. ငါ​တို့​သည်​တွန့်​ဆုတ်​သ​ဖြင့်​ဆုံး​ပါး​ပျက် စီး​ရ​သူ​များ​မ​ဟုတ်​ဘဲ ယုံ​ကြည်​သ​ဖြင့် ကယ်​တင်​ခြင်း​ကို​ခံ​ရ​သူ​များ​ဖြစ်​ကြ​၏။

ဟေ​ဗြဲ 10