8. သို့ရာတွင်သားတော်အားမိန့်တော်မူသော အခါ၌ကိုယ်တော်က၊``အို ဘုရားသခင်၊ကိုယ်တော်၏နိုင်ငံတော်သည် ကာလအစဉ်တည်လိမ့်မည်။ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား တရားမျှတစွာအုပ်စိုးပါ၏။
9. ကိုယ်တော်သည်အမှန်ကိုနှစ်သက်တော်မူ၍ အမှားကိုမုန်းတော်မူပါ၏။ထို့ကြောင့်ကိုယ်တော်၏ဘုရားတည်းဟူသော ဘုရားသခင်သည်ကိုယ်တော်အားရွေးချယ်၍ကိုယ်တော်၏ အပေါင်းအဖော်တို့ထက်ပိုမိုချီးမြှင့်ကာရွှင်လန်းဝမ်းမြောက်ခွင့်ကိုပေးတော်မူပေသည်''ဟုမိန့်တော်မူ၏။-
10. ထိုနောက်ကိုယ်တော်က၊``အို ထာဝရဘုရားရှင်၊ကိုယ်တော်သည်အစ မူလက ကမ္ဘာမြေကြီးကိုဖန်ဆင်းတော်မူပါ၏။ကိုယ်တော်တိုင်လက်တော်ဖြင့်မိုးကောင်းကင်ကို ဖန်ဆင်းတော်မူပါ၏။
11. ထိုအရာတို့သည်ယိုယွင်းပျက်စီးသွား ကြမည်ဖြစ်သော်လည်း၊ကိုယ်တော်ရှင်မူကားအမြဲတည်တော်မူပါ၏။ထိုအရာအားလုံးသည်အဝတ်အထည်များ ကဲ့သို့ ဟောင်းနွမ်းကြလိမ့်မည်။
12. ကိုယ်တော်ရှင်သည်ဝတ်လုံအင်္ကျီကိုလိပ်သကဲ့သို့ ထိုအရာများကိုလိပ်တော်မူလိမ့်မည်။ထိုအရာများသည်အဝတ်အထည်များကဲ့သို့ ပြောင်းလဲလိမ့်မည်။သို့ရာတွင်ကိုယ်တော်မူကားပြောင်းလဲတော် မမူပါ။အသက်တော်သည်ကုန်ဆုံးလိမ့်မည်မဟုတ်ပါ'' ဟုမိန့်တော်မူ၏။
13. ဘုရားသခင်က၊``သင့်ရန်သူများကိုသင်၏ခြေဖဝါးအောက်သို့ ငါမရောက်စေမီကာလအတွင်း၊ငါ၏လက်ယာဘက်တွင်ထိုင်နေလော့''ဟုအဘယ်ကောင်းကင်တမန်ကိုမျှမိန့်တော် မမူခဲ့ဘူးပါ။
14. ထိုသို့ဖြစ်ပါမူ၊ ကောင်းကင်တမန်များမှာ အဘယ်သို့သောသူများနည်း။ သူတို့သည် ကယ်တင်ခြင်းခံရမည့်သူတို့အားကူညီ မစရန် ဘုရားသခင်စေလွှတ်တော်မူသည့် အစေခံဝိညာဉ်များဖြစ်ပေသည်။