3. သားတော်သည် ဘုရားသခင်၏ ဘုန်းအသရေ နှင့်ထွန်းလင်းတောက်ပလျက်ရှိ၏။ ကိုယ်တော် သည်ဘုရားသခင်၏ဇာတိအဖြစ်တော်တိကျ မှန်ကန်သောပုံသဏ္ဌာန်ဖြစ်လျက် မိမိ၏တန်ခိုး နှင့်ပြည့်စုံသောအမိန့်တော်အားဖြင့် စကြဝဠာ ကိုတည်နေစေတော်မူ၏။ ကိုယ်တော်သည်လူသား တို့အားအပြစ်များမှပြေလွတ်စေရန်ဆောင် ရွက်တော်မူပြီးနောက် ကောင်းကင်ဘုံတွင်အနန္တ တန်ခိုးရှင်ဘုရားသခင်၏လက်ယာတော် ဘက်၌ထိုင်တော်မူ၏။
4. သားတော်အားဘုရားသခင်ပေးအပ်တော်မူ သောဘွဲ့နာမတော်သည် ကောင်းကင်တမန်တို့၏ အမည်နာမထက်ကြီးမြတ်တော်မူသည်နည်းတူ သားတော်သည်ကောင်းကင်တမန်များထက်သာ လွန်ကြီးမြတ်တော်မူပေသည်။-
5. ဘုရားသခင်ကအဘယ်ကောင်းကင်တမန်ကိုမျှ``သင်သည်ငါ၏သားဖြစ်၏။ယနေ့ပင်ငါသည်သင်၏အဖဖြစ်လာ၏'' ဟူ၍သော်လည်းကောင်း၊အဘယ်ကောင်းကင်တမန်နှင့်မျှပတ်သက်၍ ``ငါသည်သူ၏အဖဖြစ်မည်။သူသည်လည်းငါ၏သားဖြစ်ရလိမ့်မည်'' ဟူ၍သော်လည်းကောင်းမိန့်မြွက်တော်မူခဲ့ဖူးသည်မရှိ။-
6. သို့ရာတွင်ဘုရားသခင်သည်မိမိ၏သားဦးကို လောကသို့စေလွှတ်တော်မူမည်ပြုသောအခါ``ဘုရားသခင်၏ကောင်းကင်တမန်အပေါင်းတို့ သည် ထိုသူအားရှိခိုးဝတ်ပြုရကြမည်''ဟုမိန့်တော်မူ၏။-
7. ကောင်းကင်တမန်များအကြောင်းကိုဖော်ပြရာ၌``ဘုရားသခင်သည်မိမိ၏ကောင်းကင်တမန် များကို လေကဲ့သို့ဖြစ်စေတော်မူ၏။မိမိ၏အစေခံများကိုမီးလျှံကဲ့သို့ဖြစ်စေ တော်မူ၏''ဟုမိန့်တော်မူ၏။-
8. သို့ရာတွင်သားတော်အားမိန့်တော်မူသော အခါ၌ကိုယ်တော်က၊``အို ဘုရားသခင်၊ကိုယ်တော်၏နိုင်ငံတော်သည် ကာလအစဉ်တည်လိမ့်မည်။ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား တရားမျှတစွာအုပ်စိုးပါ၏။
9. ကိုယ်တော်သည်အမှန်ကိုနှစ်သက်တော်မူ၍ အမှားကိုမုန်းတော်မူပါ၏။ထို့ကြောင့်ကိုယ်တော်၏ဘုရားတည်းဟူသော ဘုရားသခင်သည်ကိုယ်တော်အားရွေးချယ်၍ကိုယ်တော်၏ အပေါင်းအဖော်တို့ထက်ပိုမိုချီးမြှင့်ကာရွှင်လန်းဝမ်းမြောက်ခွင့်ကိုပေးတော်မူပေသည်''ဟုမိန့်တော်မူ၏။-
10. ထိုနောက်ကိုယ်တော်က၊``အို ထာဝရဘုရားရှင်၊ကိုယ်တော်သည်အစ မူလက ကမ္ဘာမြေကြီးကိုဖန်ဆင်းတော်မူပါ၏။ကိုယ်တော်တိုင်လက်တော်ဖြင့်မိုးကောင်းကင်ကို ဖန်ဆင်းတော်မူပါ၏။