ဟော​ရှေ 9:5-9 Common Language Bible (BCL)

5. သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ရန်​သတ်​မှတ်​ထား​သည့်​ပွဲ​တော်​နေ့ ကြီး​များ​ကျ​ရောက်​သည့်​အ​ခါ​မည်​ကဲ့​သို့ ဆင်​ယင်​ကျင်း​ပ​ကြ​မည်​နည်း။-

6. ဘေး​ဒုက္ခ​ဆိုက်​ရောက်​၍​သူ​တို့​သည်​အ​ရပ်​ရပ် သို့​ရောက်​ရှိ​ကြ​သော​အ​ခါ​အီ​ဂျစ်​အ​မျိုး သား​တို့​က​သူ​တို့​ကို​စု​သိမ်း​၍ မင်​ဖိ​မြို့ တွင်​သင်္ဂြိုဟ်​ကြ​လိမ့်​မည်။ သူ​တို့​၏​ငွေ​ရ​တ​နာ နှင့်​သူ​တို့​၏​နေ​အိမ်​ဟောင်း​ရှိ​ရာ​အ​ရပ်​တို့ သည် ပေါင်း​ပင်​နှင့်​ဆူး​ပင်​များ​ဖုံး​အုပ်​လျက် ရှိ​လိမ့်​မည်။

7. ထိုက်​သင့်​သော​အ​ပြစ်​ဒဏ်​ကို​သူ​တို့​ခံ​ရ မည့်​အ​ချိန်​ရောက်​လာ​ပြီ။ ထို​အ​ချိန်​ရောက် လာ​သော​အ​ခါ ဣ​သ​ရေ​လ​ပြည်​သား​တို့ သိ​ကြ​လိမ့်​မည်။ သင်​တို့​က``ဤ​ပ​ရော​ဖက် သည်​သူ​ရူး​ဖြစ်​၏။ ဝိ​ညာဉ်​တော်​သက်​ရောက် သူ​သည်​စိတ်​မ​နှံ့​သူ​ဖြစ်​၏'' ဟု​ဆို​ကြ​၏။ သင်​တို့​သည်​ကြီး​လေး​သော​အ​ပြစ်​ကို ကူး​လွန်​သော​ကြောင့်​ငါ့​ကို​အ​လွန်​မုန်း တီး​ကြ​၏။-

8. ဘု​ရား​သ​ခင်​သည်​မိ​မိ​လူ​တို့​ကို​သ​တိ ပေး​ရန် ငါ့​အား​ပ​ရော​ဖက်​အ​ဖြစ်​စေ​လွှတ် တော်​မူ​၏။ သို့​ရာ​တွင်​သင်​တို့​သည်​ငါ​သွား လေ​ရာ​အ​ရပ်​၌​ငှက်​ကို​ကျော့​ကွင်း​ထောင် ဖမ်း​သ​ကဲ့​သို့​ငါ့​ကို​ဖမ်း​ကြ​၏။ ဘု​ရား​သ​ခင်​၏​ပြည်​တော်​၌​ပင်​လူ​တို့​သည် ပ​ရော​ဖက်​များ​၏​ရန်​သူ​များ​ဖြစ်​ကြ​၏။-

9. သူ​တို့​သည်​ဂိ​ဗာ​မြို့​မှာ​ကဲ့​သို့​အ​လွန် ဆိုး​ရွား​သော​အ​ပြစ်​ကို​ကူး​လွန်​လျက် ရှိ​ကြ​၏။ ဘု​ရား​သ​ခင်​သည်​သူ​တို့​၏ ဒု​စ​ရိုက်​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ ၍​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။

ဟော​ရှေ 9