1. ဣသရေလပြည်သားတို့၊ အခြားသောလူ မျိုးများကဲ့သို့ပျော်ပွဲရွှင်ပွဲများကိုမ ကျင်းပကြနှင့်။ သင်တို့သည်သင်တို့၏ ဘုရားသခင်ကိုသစ္စာဖောက်ကြပြီ။ သင် တို့သည်တိုင်းပြည်တစ်ဝှမ်းလုံးတွင် မိမိ ကိုယ်ကိုပြည့်တန်ဆာအဖြစ်ဗာလဘုရား ထံရောင်းစားကြပြီ။ သီးထွက်ကောင်းမှု များသည်ဗာလဘုရားကြောင့်ရသည်ဟု သင်တို့ထင်မှတ်ကြသည်။-
2. သို့ရာတွင်မကြာမီသင်တို့တွင်ဆန်စပါး၊ သံလွင်ဆီနှင့်စပျစ်ရည်တို့ကိုစားသုံး ခွင့်ရတော့မည်မဟုတ်။-
3. ဧဖရိမ်ပြည်သားတို့သည်ထာဝရဘုရား ၏ပြည်တွင်မနေရတော့ဘဲအီဂျစ်ပြည် သို့ပြန်ရကြမည်။ အာရှုရိပြည်တွင်လည်း တားမြစ်ထားသောအစားအစာကိုစား ကြရမည်။-
4. ထိုနိုင်ငံများတွင်သူတို့သည်ထာဝရ ဘုရားအားစပျစ်ရည်ပူဇော်သကာကိုလည်း ကောင်း၊ ယဇ်ကောင်ကိုလည်းကောင်းပူဇော်နိုင် လိမ့်မည်မဟုတ်။ သူတို့စားသောအစားအစာ သည်အသုဘအိမ်မှကျွေးသောအစားအစာ ကဲ့သို့စားသူတိုင်းအားညစ်ညမ်းစေမည်။ သူ တို့သည်အဆာပြေရန်ထိုအစားအစာကို စားရမည်။ ထိုအစားအစာကိုပူဇော်သကာ အဖြစ်ဖြင့်ထာဝရဘုရား၏ဗိမာန်တော် သို့မယူဆောင်သွားရ။-
5. သူတို့သည်ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းရန်သတ်မှတ်ထားသည့်ပွဲတော်နေ့ ကြီးများကျရောက်သည့်အခါမည်ကဲ့သို့ ဆင်ယင်ကျင်းပကြမည်နည်း။-
6. ဘေးဒုက္ခဆိုက်ရောက်၍သူတို့သည်အရပ်ရပ် သို့ရောက်ရှိကြသောအခါအီဂျစ်အမျိုး သားတို့ကသူတို့ကိုစုသိမ်း၍ မင်ဖိမြို့ တွင်သင်္ဂြိုဟ်ကြလိမ့်မည်။ သူတို့၏ငွေရတနာ နှင့်သူတို့၏နေအိမ်ဟောင်းရှိရာအရပ်တို့ သည် ပေါင်းပင်နှင့်ဆူးပင်များဖုံးအုပ်လျက် ရှိလိမ့်မည်။
7. ထိုက်သင့်သောအပြစ်ဒဏ်ကိုသူတို့ခံရ မည့်အချိန်ရောက်လာပြီ။ ထိုအချိန်ရောက် လာသောအခါ ဣသရေလပြည်သားတို့ သိကြလိမ့်မည်။ သင်တို့က``ဤပရောဖက် သည်သူရူးဖြစ်၏။ ဝိညာဉ်တော်သက်ရောက် သူသည်စိတ်မနှံ့သူဖြစ်၏'' ဟုဆိုကြ၏။ သင်တို့သည်ကြီးလေးသောအပြစ်ကို ကူးလွန်သောကြောင့်ငါ့ကိုအလွန်မုန်း တီးကြ၏။-
8. ဘုရားသခင်သည်မိမိလူတို့ကိုသတိ ပေးရန် ငါ့အားပရောဖက်အဖြစ်စေလွှတ် တော်မူ၏။ သို့ရာတွင်သင်တို့သည်ငါသွား လေရာအရပ်၌ငှက်ကိုကျော့ကွင်းထောင် ဖမ်းသကဲ့သို့ငါ့ကိုဖမ်းကြ၏။ ဘုရားသခင်၏ပြည်တော်၌ပင်လူတို့သည် ပရောဖက်များ၏ရန်သူများဖြစ်ကြ၏။-
9. သူတို့သည်ဂိဗာမြို့မှာကဲ့သို့အလွန် ဆိုးရွားသောအပြစ်ကိုကူးလွန်လျက် ရှိကြ၏။ ဘုရားသခင်သည်သူတို့၏ ဒုစရိုက်ကိုအောက်မေ့သတိရတော်မူ ၍အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။
10. ထာဝရဘုရားက``ဣသရေလကိုငါဦး စွာတွေ့ရစဉ်က တောကန္တာရ၌ပေါက်သော စပျစ်ပင်များကိုတွေ့ရသကဲ့သို့ဖြစ်၏။ သင်တို့၏ဘိုးဘေးများကိုငါဦးစွာတွေ့ ရစဉ်ကပေါ်ဦးပေါ်ဖျားမှည့်သောသဖန်း သီးများကိုတွေ့ရသကဲ့သို့ဖြစ်၏။ သို့ ရာတွင်သူတို့သည်ပေဂုရတောင်သို့ရောက် ရှိသောအခါ ဗာလဘုရားကိုကိုးကွယ် ကြသဖြင့်၊ သူတို့ကြည်ညိုသောဘုရား များကဲ့သို့စက်ဆုတ်ရွံရှာဖွယ်ဖြစ်လာ ကြ၏။-
11. ဣသရေလတို့၏ဘုန်းတန်ခိုးသည်ငှက် ပျံသကဲ့သို့ကွယ်ပျောက်သွားလိမ့်မည်။ သူ တို့တွင်သမီးများမထွန်းကားရ။ ကိုယ် ဝန်ဆောင်သောမိန်းမ မရှိရ။ သန္ဓေတည် ခြင်းမရှိစေရ။-
12. အကယ်၍သူတို့သည်သားသမီးများ ကိုပြုစုကြီးပြင်းလာစေကြသည့်တိုင် အောင်ငါသည်ထိုကလေးများကိုရုပ် သိမ်း၍တစ်ယောက်ကိုမျှအသက်ရှင်စေ မည်မဟုတ်။ ငါသည်သူတို့ကိုစွန့်ပစ် သောအခါသူတို့သည်ကြောက်မက်ဖွယ် ဘေးဒုက္ခနှင့်တွေ့ကြုံရလိမ့်မည်'' ဟု မိန့်တော်မူ၏။