1. ငါ၏လူတို့အားတစ်ဖန်ကြီးပွားလာစေ၍ ``ဣသရေလပြည်သားတို့၏ရောဂါကိုပျောက် ကင်းစေလိုသည့်အခါတိုင်း ငါသည်သူတို့၏ ဆိုးယုတ်မှုနှင့်အပြစ်ဒုစရိုက်ကိုသာတွေ့ နေရ၏။ သူတို့သည်အချင်းချင်းလိမ်လည် လှည့်ဖြားကြ၏။ အိမ်များထဲသို့ဖောက်ထွင်း ဝင်ရောက်၍ဥစ္စာပစ္စည်းများကိုခိုးယူကြ၏။ လမ်းသွားလမ်းလာများကိုလုယက်ကြ၏။-
2. ငါသည်သူတို့ပြုသောဒုစရိုက်များကို မှတ်သားထားကြောင်းသူတို့မရိပ်မိကြ။ သူတို့၏အပြစ်များသည်သူတို့ကိုဝိုင်း ရံလျက်ရှိသည်ဖြစ်၍ ငါ့ရှေ့မှောက်တွင် ထိုအပြစ်များသည်ပေါ်လွင်ထင်ရှား လျက်ရှိ၏'' ဟုမိန့်တော်မူ၏။
3. ထာဝရဘုရားက``လူတို့သည်မိမိတို့ ၏မကောင်းသောကြံစည်မှုများအားဖြင့် ဘုရင်နှင့်မင်းမှုထမ်းတို့အားလှည့်စား ကြ၏။-
4. သူတို့အားလုံးသည်သစ္စာဖောက်များဖြစ် ကြ၏။ မုန့်ဖုတ်သူသည်မုန့်ညက်စိမ်းအဆင် သင့်မဖြစ်မီမီးကိုမဆွသကဲ့သို့ ထိုသူ တို့၏မုန်းတီးစိတ်သည်မုန့်ဖိုထဲရှိထိုမီး ကဲ့သို့တစ်အုံနွေးနွေးဖြစ်၏။-
5. ဘုရင်ပွဲခံသောနေ့တွင်ဘုရင်နှင့်မင်းမှု ထမ်းတို့ကိုစပျစ်ရည်တိုက်၍ယစ်မူး၍ ရူးသွပ်စေကြ၏။-
6. သူတို့သည်မုန့်ဖိုမီးကဲ့သို့ပုန်ကန်လိုသော စိတ်၊ တောက်လောင်လျက်ရှိကြ၏။ တစ်ညလုံး သူတို့၏အမျက်ဒေါသစိတ်သည်တငွေ့ ငွေ့လောင်လျက်ရှိ၏။ နံနက်သို့ရောက်လျှင် မီးထတောက်လေ၏။
7. ``သူတို့သည်ပူပြင်းသောဒေါသစိတ်မွှန်၍ အုပ်ချုပ်သူများကိုသတ်ကြ၏။ သူတို့သည် ဘုရင်များကိုတစ်ပါးပြီးတစ်ပါးလုပ်ကြံ သတ်ဖြတ်ကြ၏။ သို့ရာတွင်မည်သူကမျှ ငါ့ထံသို့ကူမရန်ဆုတောင်းပတ္ထနာမ ပြုကြ'' ဟုမိန့်တော်မူ၏။
8. ထာဝရဘုရားက``ဣသရေလပြည်သား တို့သည်တစ်ဝက်သာကျက်သောမုန့်နှင့်တူ၏။ သူတို့သည်ပတ်ဝန်းကျင်ရှိနိုင်ငံများ ကိုအားကိုးကြ၏။-
9. အခြားနိုင်ငံများကိုအားကိုးခြင်းကြောင့် ထိုနိုင်ငံတို့၏သွေးစုတ်ခြင်းကိုခံရကြောင်း သူတို့မသိ။ သူတို့၏နိုင်ငံသည်ပျက်သုဉ်း ချိန်နီးသော်လည်းသူတို့မသိကြ။-
10. ဣသရေလပြည်သားတို့၏မာန်မာန အကျိုးဆက်သည်သူတို့၏တစ်ဖက်၌ သက်သေခံလိမ့်မည်။ သူတို့သည်ဤအမှု အရာတို့နှင့်တွေ့ကြုံခဲ့ရသော်လည်းသူ တို့၏ဘုရားသခင်ငါထာဝရဘုရား ထံတော်သို့ပြန်၍မလာကြ။-
11. ဣသရေလအမျိုးသားတို့သည်ဟိုပျံ သည်ပျံနှင့်ဉာဏ်ကင်းမဲ့သည့် အလွယ်တကူ လှည့်ဖြား၍ရသောချိုးငှက်ကဲ့သို့ဖြစ်၏။ ပထမဦးစွာသူတို့သည်အီဂျစ်ပြည် မှအကူအညီတောင်းခံ၏။ ထို့နောက် အာရှုရိသို့ပြေး၍အကူအညီ တောင်း၏။-