7. သူတို့သည်ထာဝရဘုရားအားသစ္စာဖောက် ကြပြီ။ သူတို့၏သားသမီးများသည်လည်း ကိုယ်တော်နှင့်ဆိုင်သောသားသမီးများမ ဟုတ်။ သို့ဖြစ်၍ဤသူတို့နှင့်သူတို့၏လယ် မြေများမကြာမီပျက်စီးကြလိမ့်မည်။''
8. ``ဂိဗာမြို့တွင်တံပိုးခရာကိုမှုတ်လော့၊ ရာမ မြို့တွင်တပ်လှန့်သံကိုပေးလော့။ ဗေသဝင် မြို့တွင်စစ်ချီသံကြွေးကြော်လော့၊ ဗင်္ယာမိန် မျိုးနွယ်တို့တိုက်ပွဲဝင်ကြ။-
9. အပြစ်ဒဏ်စီရင်ရာနေ့ရောက်လာပြီဖြစ် ၍၊ ဣသရေလအမျိုးသားတို့သည်ပျက် စီးရလိမ့်မည်။ ဣသရေလပြည်သားတို့၊ ဤအရာသည်မုချဖြစ်လိမ့်မည်။''
10. ထာဝရဘုရားက``ယုဒအမျိုးသား ခေါင်းဆောင်တို့သည်ဣသရေလနိုင်ငံ ကိုဝင်ရောက်တိုက်ခိုက်၍သူတို့၏မြေယာ ကိုခိုးယူကြသဖြင့် ငါသည်အမျက်ထွက် ၍ရေလွှမ်းမိုးဖျက်ဆီးသကဲ့သို့သူတို့ အားဒဏ်စီရင်မည်။-
11. ဣသရေလအမျိုးသားတို့သည်ညှင်းဆဲ နှိပ်စက်ခြင်းခံနေရကြ၏။ သူတို့သည် အကူအညီမပေးနိုင်သူရုပ်တုတို့ထံ မှ အကူအညီတောင်းခံရန်ဆန္ဒပြင်းပြ နေသည်။-
12. ငါသည်ဣသရေလနိုင်ငံသားတို့ကိုဖျက် ဆီး၍ယုဒပြည်သားတို့အားပျက်သုဉ်း စေမည်။''