ဟော​ရှေ 5:6-15 Common Language Bible (BCL)

6. သူ​တို့​၏​သိုး​နွား​များ​ကို​ထာ​ဝ​ရ​ဘု​ရား အား​ယဇ်​ပူ​ဇော်​ရန်​ယူ​ဆောင်​ခဲ့​ကြ​သော် လည်း​အ​ကျိုး​မ​ရှိ၊ ကိုယ်​တော်​သည်​သူ​တို့ ကို​စွန့်​ပစ်​သွား​ပြီ​ဖြစ်​၍​သူ​တို့​သည် ကိုယ်​တော်​ကို​မ​တွေ့​နိုင်​ကြ။-

7. သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​သစ္စာ​ဖောက် ကြ​ပြီ။ သူ​တို့​၏​သား​သ​မီး​များ​သည်​လည်း ကိုယ်​တော်​နှင့်​ဆိုင်​သော​သား​သ​မီး​များ​မ ဟုတ်။ သို့​ဖြစ်​၍​ဤ​သူ​တို့​နှင့်​သူ​တို့​၏​လယ် မြေ​များ​မ​ကြာ​မီ​ပျက်​စီး​ကြ​လိမ့်​မည်။''

8. ``ဂိ​ဗာ​မြို့​တွင်​တံ​ပိုး​ခ​ရာ​ကို​မှုတ်​လော့၊ ရာ​မ မြို့​တွင်​တပ်​လှန့်​သံ​ကို​ပေး​လော့။ ဗေ​သ​ဝင် မြို့​တွင်​စစ်​ချီ​သံ​ကြွေး​ကြော်​လော့၊ ဗင်္ယာ​မိန် မျိုး​နွယ်​တို့​တိုက်​ပွဲ​ဝင်​ကြ။-

9. အ​ပြစ်​ဒဏ်​စီ​ရင်​ရာ​နေ့​ရောက်​လာ​ပြီ​ဖြစ် ၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပျက် စီး​ရ​လိမ့်​မည်။ ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ဤ​အ​ရာ​သည်​မု​ချ​ဖြစ်​လိမ့်​မည်။''

10. ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​အ​မျိုး​သား ခေါင်း​ဆောင်​တို့​သည်​ဣ​သ​ရေ​လ​နိုင်​ငံ ကို​ဝင်​ရောက်​တိုက်​ခိုက်​၍​သူ​တို့​၏​မြေ​ယာ ကို​ခိုး​ယူ​ကြ​သ​ဖြင့် ငါ​သည်​အ​မျက်​ထွက် ၍​ရေ​လွှမ်း​မိုး​ဖျက်​ဆီး​သ​ကဲ့​သို့​သူ​တို့ အား​ဒဏ်​စီ​ရင်​မည်။-

11. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ညှင်း​ဆဲ နှိပ်​စက်​ခြင်း​ခံ​နေ​ရ​ကြ​၏။ သူ​တို့​သည် အ​ကူ​အ​ညီ​မ​ပေး​နိုင်​သူ​ရုပ်​တု​တို့​ထံ မှ အ​ကူ​အညီ​တောင်း​ခံ​ရန်​ဆန္ဒ​ပြင်း​ပြ နေ​သည်။-

12. ငါ​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​သား​တို့​ကို​ဖျက် ဆီး​၍​ယု​ဒ​ပြည်​သား​တို့​အား​ပျက်​သုဉ်း စေ​မည်။''

13. ``ဣ​သ​ရေ​လ​နိုင်​ငံ​သည်​မိ​မိ​၏​အ​နာ ရော​ဂါ​ကို​လည်း​ကောင်း၊ ယု​ဒ​နိုင်​ငံ​သည် မိ​မိ​၏​ဒဏ်​ရာ​ဒဏ်​ချက်​များ​ကို​လည်း ကောင်း​မြင်​ရ​သော​အ​ခါ ဣ​သ​ရေ​လ​နိုင်​ငံ သည်​အာ​ရှု​ရိ​နိုင်​ငံ​ဧ​က​ရာဇ်​မင်း​ထံ​သွား ၍​အ​ကူ​အ​ညီ​တောင်း​၏။ သို့​ရာ​တွင် ဧ​က​ရာဇ်​မင်း​သည်​သူ​တို့​၏​ရော​ဂါ ကို မ​ကု​သ​မ​ပျောက်​ကင်း​စေ​နိုင်။-

14. ငါ​သည်​ခြင်္သေ့​သ​ဖွယ်​ဣ​သ​ရေ​လ​ပြည် သား​နှင့်​ယု​ဒ​ပြည်​သား​တို့​ကို​တိုက်​ခိုက် မည်။ ငါ​ကိုယ်​တော်​တိုင်​သူ​တို့​ကို​အ​စိတ်​စိတ် အ​မြွှာ​မြွှာ​ဆုတ်​ဖြဲ​ပြီး​နောက်​စွန့်​ပစ်​ထား မည်။ ငါ​သည်​သူ​တို့​ကို​ဆွဲ​ငင်​ထုတ်​ယူ​သွား သည့်​အ​ခါ​မည်​သူ​မျှ​သူ​တို့​ကို​မ​ကယ် နိုင်။''

15. ``ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​တို့​၏​အ​ပြစ် ကို​သိ​၍ ငါ့​ထံ​သို့​ပြန်​လာ​မည့်​အ​ချိန်​ရောက် သည်​အ​ထိ​ငါ​သည်​သူ​တို့​ကို​စွန့်​ပစ်​ထား မည်။ သူ​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​နေ​ရ​စဉ် ငါ့​အား​ကြိုး​စား​၍​ရှာ​ကြ​လိမ့်​မည်။''

ဟော​ရှေ 5