2. အကာရှာမြို့တွင်တူးထားသောကျင်း နက်ဖြစ်ကြပြီ။ ထို့ကြောင့်ငါသည်သင် တို့အားလုံးကိုဒဏ်ခတ်မည်။-
3. ငါသည်ဣသရေလအမျိုးသားတို့၏ အကြောင်းကိုသိသဖြင့် သူတို့၏ဒုစရိုက် ကိုဖုံးကွယ်၍မရနိုင်၊ သူတို့သည်ငါ့အား သစ္စာဖောက်သဖြင့် ငါနှင့်မထိုက်တန်တော့ ပြီ'' ဟုမိန့်တော်မူ၏။
4. ``သူတို့သည်ဒုစရိုက်ကိုပြုသောကြောင့် သူတို့၏ဘုရားသခင်ထံသို့ပြန်၍မလာ နိုင်ကြ။ သူတို့သည်ရုပ်တုကိုးကွယ်ခြင်း ကိုစွဲလန်းကြသဖြင့် ထာဝရဘုရား ကိုမသိကြ။-
5. ဣသရေလပြည်သားတို့၏မာန်မာန အကျိုးဆက်သည်သူတို့တစ်ဘက်၌ သက်သေခံလိမ့်မည်။ သူတို့သည် မိမိတို့ ၏အပြစ်ကြောင့်ပြိုလဲကြ၏။ ယုဒပြည် သားတို့သည်လည်းသူတို့နှင့်အတူ ပြိုလဲကြ၏။-
6. သူတို့၏သိုးနွားများကိုထာဝရဘုရား အားယဇ်ပူဇော်ရန်ယူဆောင်ခဲ့ကြသော် လည်းအကျိုးမရှိ၊ ကိုယ်တော်သည်သူတို့ ကိုစွန့်ပစ်သွားပြီဖြစ်၍သူတို့သည် ကိုယ်တော်ကိုမတွေ့နိုင်ကြ။-
7. သူတို့သည်ထာဝရဘုရားအားသစ္စာဖောက် ကြပြီ။ သူတို့၏သားသမီးများသည်လည်း ကိုယ်တော်နှင့်ဆိုင်သောသားသမီးများမ ဟုတ်။ သို့ဖြစ်၍ဤသူတို့နှင့်သူတို့၏လယ် မြေများမကြာမီပျက်စီးကြလိမ့်မည်။''
8. ``ဂိဗာမြို့တွင်တံပိုးခရာကိုမှုတ်လော့၊ ရာမ မြို့တွင်တပ်လှန့်သံကိုပေးလော့။ ဗေသဝင် မြို့တွင်စစ်ချီသံကြွေးကြော်လော့၊ ဗင်္ယာမိန် မျိုးနွယ်တို့တိုက်ပွဲဝင်ကြ။-