14. ငါသည်ခြင်္သေ့သဖွယ်ဣသရေလပြည် သားနှင့်ယုဒပြည်သားတို့ကိုတိုက်ခိုက် မည်။ ငါကိုယ်တော်တိုင်သူတို့ကိုအစိတ်စိတ် အမြွှာမြွှာဆုတ်ဖြဲပြီးနောက်စွန့်ပစ်ထား မည်။ ငါသည်သူတို့ကိုဆွဲငင်ထုတ်ယူသွား သည့်အခါမည်သူမျှသူတို့ကိုမကယ် နိုင်။''
15. ``ငါ၏လူမျိုးတော်သည်မိမိတို့၏အပြစ် ကိုသိ၍ ငါ့ထံသို့ပြန်လာမည့်အချိန်ရောက် သည်အထိငါသည်သူတို့ကိုစွန့်ပစ်ထား မည်။ သူတို့သည်ဆင်းရဲဒုက္ခခံနေရစဉ် ငါ့အားကြိုးစား၍ရှာကြလိမ့်မည်။''