1. ``ယဇ်ပုရောဟိတ်တို့၊ ကြားနာကြလော့၊ ဣသရေလပြည်သားတို့ဂရုစိုက်နား ထောင်ကြလော့။ မင်းမျိုးမင်းနွယ်တို့နား ထောင်ကြလော့။ သင်တို့ကိုယ်တိုင်မှန်ကန်စွာ စီရင်ရမည့်သူများဖြစ်သည်။ ထိုအတိုင်း ပင်သင်တို့ကိုလည်းအပြစ်ဒဏ်စီရင်ခြင်း ခံရကြမည်။ သင်တို့သည်မိဇပါမြို့တွင် ထောင်သောထောင်ချောက်၊ တာဗော်တောင်တွင် ဖြန့်ထားသောပိုက်ကွန်၊-
2. အကာရှာမြို့တွင်တူးထားသောကျင်း နက်ဖြစ်ကြပြီ။ ထို့ကြောင့်ငါသည်သင် တို့အားလုံးကိုဒဏ်ခတ်မည်။-
3. ငါသည်ဣသရေလအမျိုးသားတို့၏ အကြောင်းကိုသိသဖြင့် သူတို့၏ဒုစရိုက် ကိုဖုံးကွယ်၍မရနိုင်၊ သူတို့သည်ငါ့အား သစ္စာဖောက်သဖြင့် ငါနှင့်မထိုက်တန်တော့ ပြီ'' ဟုမိန့်တော်မူ၏။
4. ``သူတို့သည်ဒုစရိုက်ကိုပြုသောကြောင့် သူတို့၏ဘုရားသခင်ထံသို့ပြန်၍မလာ နိုင်ကြ။ သူတို့သည်ရုပ်တုကိုးကွယ်ခြင်း ကိုစွဲလန်းကြသဖြင့် ထာဝရဘုရား ကိုမသိကြ။-
5. ဣသရေလပြည်သားတို့၏မာန်မာန အကျိုးဆက်သည်သူတို့တစ်ဘက်၌ သက်သေခံလိမ့်မည်။ သူတို့သည် မိမိတို့ ၏အပြစ်ကြောင့်ပြိုလဲကြ၏။ ယုဒပြည် သားတို့သည်လည်းသူတို့နှင့်အတူ ပြိုလဲကြ၏။-