17. ဣသရေလပြည်သားတို့သည်ရုပ်တုကို ကိုးကွယ်ခြင်း၌စွဲလန်းကြ၏။ ရှိစေ တော့။-
18. သူတို့သည်စပျစ်ရည်သောက်ကြူး၍ပြည့် တန်ဆာအလုပ်ဖြင့်ပျော်ပါးကြ၏။ သူတို့ သည်ဂုဏ်ရှိစေမည့်အမှုထက်အရှက်ကွဲ စေမည့်အမှုကိုနှစ်သက်ကြ၏။-
19. သူတို့သည်လေတိုက်ရာပါသွားသကဲ့သို့ လွင့်စင်သွားကြလိမ့်မည်။ နတ်ဘုရားများ ကိုပူဇော်ပသခဲ့ခြင်းကြောင့်ရှက်ကြလိမ့် မည်။