1. ဣသရေလအမျိုးသားတို့၊ ထာဝရဘုရား ၏မိန့်တော်မူချက်ကိုနားထောင်ကြလော့။ ဤ တိုင်းပြည်တွင်နေထိုင်သူတို့အားထာဝရ ဘုရားစွပ်စွဲတော်မူချက်ရှိပေ၏။ ကိုယ်တော် က``ဤတိုင်းပြည်တွင်သစ္စာတရားမေတ္တာ တရားဟူ၍မရှိ။ ငါသည်ဘုရားဖြစ်သည် ဟုပြည်သူတို့ကအသိအမှတ်မပြုကြ။-
2. သူတို့သည်ကတိမတည်ခြင်း၊ မုသား စကားကိုပြောခြင်း၊ လူ့အသက်ကိုသတ် ခြင်း၊ သူတစ်ပါးဥစ္စာပစ္စည်းကိုခိုးယူခြင်း၊ သူတစ်ပါးသားမယားကိုပြစ်မှားခြင်း တို့ကိုပြု၏။ တရားလက်လွတ်နေထိုင်၍ လူသတ်မှုများကိုအထပ်ထပ်ကူးလွန် ကြ၏။-
3. သို့ဖြစ်၍ဤပြည်သည်ခြောက်သွေ့လျက် သက်ရှိသတ္တဝါအပေါင်းတို့သည်သေကြေ ပျက်စီးကြလိမ့်မည်။ တိရစ္ဆာန်များ၊ ငှက်များ နှင့်ပင်လယ်ထဲရှိငါးများပင်သေကြေ ပျက်စီးကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
4. ထာဝရဘုရားက``မည်သူမျှပြည်သား တို့အားမစွပ်စွဲမဆုံးမစေနှင့်၊ ငါ၌ယဇ် ပုရောဟိတ်တို့အားစွပ်စွဲရန်အချက်ရှိသည်။-
5. သင်တို့သည်နေ့ရောညပါချွတ်ချော်လွဲ မှားကြ၏။ ပရောဖက်တို့သည်လည်းထို နည်းဖြစ်ကြ၏။ ငါသည်သင်တို့၏မိခင် ဖြစ်သောဣသရေလနိုင်ငံကိုဖျက်ဆီး မည်။-
6. ငါ၏လူမျိုးတို့သည်ငါ့ကိုအသိအမှတ် မပြုသောကြောင့် အပြစ်ဒဏ်စီရင်ခြင်းကို ခံရကြ၏။ အသင်ယဇ်ပုရောဟိတ်တို့သည် ငါ့ကိုအသိအမှတ်မပြုဘဲ ငါ၏သြဝါဒ ကိုလည်းလက်မခံကြသောကြောင့် ငါသည် သင်တို့ကိုပစ်ပယ်ပြီ။ သင်တို့၏သားများ ကိုလည်းငါ၏ယဇ်ပုရောဟိတ်များအဖြစ် အသိအမှတ်ပြုမည်မဟုတ်။
7. အသင်ယဇ်ပုရောဟိတ်တို့၏ဦးရေများ လာသည်နှင့်အမျှငါ့ကိုသင်တို့ပြစ်မှား ကူးလွန်မှုများလာ၏။ ထို့ကြောင့်ငါသည် သင်တို့ဂုဏ်သိက္ခာကိုရှုတ်ချမည်။-