ဟော​ရှေ 4:1-13 Common Language Bible (BCL)

1. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား ၏​မိန့်​တော်​မူ​ချက်​ကို​နား​ထောင်​ကြ​လော့။ ဤ တိုင်း​ပြည်​တွင်​နေ​ထိုင်​သူ​တို့​အား​ထာ​ဝ​ရ ဘု​ရား​စွပ်​စွဲ​တော်​မူ​ချက်​ရှိ​ပေ​၏။ ကိုယ်​တော် က``ဤ​တိုင်း​ပြည်​တွင်​သစ္စာ​တ​ရား​မေတ္တာ တ​ရား​ဟူ​၍​မ​ရှိ။ ငါ​သည်​ဘု​ရား​ဖြစ်​သည် ဟု​ပြည်​သူ​တို့​က​အ​သိ​အ​မှတ်​မ​ပြု​ကြ။-

2. သူ​တို့​သည်​က​တိ​မ​တည်​ခြင်း၊ မု​သား စ​ကား​ကို​ပြော​ခြင်း၊ လူ့​အ​သက်​ကို​သတ် ခြင်း၊ သူ​တစ်​ပါး​ဥစ္စာ​ပစ္စည်း​ကို​ခိုး​ယူ​ခြင်း၊ သူ​တစ်​ပါး​သား​မ​ယား​ကို​ပြစ်​မှား​ခြင်း တို့​ကို​ပြု​၏။ တ​ရား​လက်​လွတ်​နေ​ထိုင်​၍ လူ​သတ်​မှု​များ​ကို​အ​ထပ်​ထပ်​ကူး​လွန် ကြ​၏။-

3. သို့​ဖြစ်​၍​ဤ​ပြည်​သည်​ခြောက်​သွေ့​လျက် သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​သေ​ကြေ ပျက်​စီး​ကြ​လိမ့်​မည်။ တိ​ရစ္ဆာန်​များ၊ ငှက်​များ နှင့်​ပင်​လယ်​ထဲ​ရှိ​ငါး​များ​ပင်​သေ​ကြေ ပျက်​စီး​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

4. ထာ​ဝ​ရ​ဘု​ရား​က``မည်​သူ​မျှ​ပြည်​သား တို့​အား​မ​စွပ်​စွဲ​မ​ဆုံး​မ​စေ​နှင့်၊ ငါ​၌​ယဇ် ပု​ရော​ဟိတ်​တို့​အား​စွပ်​စွဲ​ရန်​အ​ချက်​ရှိ​သည်။-

5. သင်​တို့​သည်​နေ့​ရော​ည​ပါ​ချွတ်​ချော်​လွဲ မှား​ကြ​၏။ ပ​ရော​ဖက်​တို့​သည်​လည်း​ထို နည်း​ဖြစ်​ကြ​၏။ ငါ​သည်​သင်​တို့​၏​မိ​ခင် ဖြစ်​သော​ဣ​သ​ရေ​လ​နိုင်​ငံ​ကို​ဖျက်​ဆီး မည်။-

6. ငါ​၏​လူ​မျိုး​တို့​သည်​ငါ့​ကို​အ​သိ​အ​မှတ် မ​ပြု​သော​ကြောင့် အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​၏။ အ​သင်​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ငါ့​ကို​အ​သိ​အ​မှတ်​မ​ပြု​ဘဲ ငါ​၏​သြ​ဝါ​ဒ ကို​လည်း​လက်​မ​ခံ​ကြ​သော​ကြောင့် ငါ​သည် သင်​တို့​ကို​ပစ်​ပယ်​ပြီ။ သင်​တို့​၏​သား​များ ကို​လည်း​ငါ​၏​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ် အ​သိ​အ​မှတ်​ပြု​မည်​မ​ဟုတ်။

7. အ​သင်​ယဇ်​ပု​ရော​ဟိတ်​တို့​၏​ဦး​ရေ​များ လာ​သည်​နှင့်​အ​မျှ​ငါ့​ကို​သင်​တို့​ပြစ်​မှား ကူး​လွန်​မှု​များ​လာ​၏။ ထို့​ကြောင့်​ငါ​သည် သင်​တို့​ဂုဏ်​သိက္ခာ​ကို​ရှုတ်​ချ​မည်။-

8. သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​အ​ပြစ်​ကူး လွန်​ခြင်း​ကို​အ​ကြောင်း​ပြု​၍​ကြွယ်​ဝ​ချမ်း သာ​လာ​ကြ​၏။ ထို့​ကြောင့်​သင်​တို့​သည်​သူ​တို့ အ​ပြစ်​တိုး​၍​ကူး​လွန်​စေ​ရန်​အား​ပေး​ကြ သည်။-

9. သင်​တို့​သည်​ပြည်​သား​များ​နည်း​တူ​အ​ပြစ် ဒဏ်​ခံ​ရ​မည်။ ငါ​သည်​သင်​တို့​ကို​ဒဏ်​ခတ် မည်။ သင်​တို့​၏​ဒု​စ​ရိုက်​အ​ကျိုး​ဆက်​ကို ခံ​စေ​မည်။-

10. သင်​တို့​သည်​ပူ​ဇော်​သ​ကာ​ဝေ​စု​ကို​စား ရ​သော်​လည်း​အ​ဆာ​ပြေ​လိမ့်​မည်​မ​ဟုတ်၊ သင်​တို့​သည်​သား​သ​မီး​ဖြစ်​ထွန်း​စေ​တတ် သော​နတ်​ဘု​ရား​များ​ကို​ကိုး​ကွယ်​သော် လည်း​သား​သ​မီး​မ​ထွန်း​ကား၊ အ​ဘယ် ကြောင့်​ဆို​သော်​သင်​တို့​သည်၊ ငါ​ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​၍​အ​ခြား​သော​ဘု​ရား ကို​ကိုး​ကွယ်​ကြ​ပြီ။-

11. ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​စု​သည်​စ​ပျစ် ရည်​သစ်၊ စ​ပျစ်​ရည်​ဟောင်း​တို့​ကို​သောက်​စား ယစ်​မူး​သ​ဖြင့်​အ​သိ​ဉာဏ်​ကင်း​မဲ့​လျက် ရှိ​၏။-

12. သူ​တို့​သည်​သစ်​သား​နတ်​ဘု​ရား​ထံ​ဗေ​ဒင် မေး​ကြ​သည်။ တုတ်​ချောင်း​က​လူ​တို့​သိ​လို သ​မျှ​ကို​ပြော​ပြ​သည်။ သူ​တို့​သည်​ငါ့​ကို စွန့်​သွား​ကြ​ပြီ။ ပြည့်​တန်​ဆာ​မ​ဘ​ဝ​သို့ ရောက်​သော​မိန်း​မ​ကဲ့​သို့​သူ​တို့​သည်​အ​ခြား သော​ဘု​ရား​များ​ထံ​၌​ဆည်း​ကပ်​ကြ​၏။-

13. သူ​တို့​သည်​တောင်​ထိပ်​များ​ပေါ်​ရှိ​ကိုး​ကွယ် ရာ​ဌာ​န​များ​၌​ယဇ်​ပူ​ဇော်​ကြ​၍ တောင် ကုန်း​များ​ပေါ်​ရှိ​အ​ရိပ်​ကောင်း​သော​သစ် ပင်​ကြီး​များ​အောက်​၌​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ​သည်။``ထို့​ကြောင့်​သင်​တို့​၏​သ​မီး​များ​သည် ပြည့်​တန်​ဆာ​ဘ​ဝ​သို့​ရောက်​၍​သင်​တို့ ၏​ချွေး​မ​များ​သည်​မျောက်​မ​ထား​ကြ​၏။-

ဟော​ရှေ 4