1. တစ်ဖန်ထာဝရဘုရားကငါ့အား``သင်သွား ၍လင်ငယ်နှင့်ဖောက်ပြန်နေသောမိန်းမကိုချစ် လော့၊ ဣသရေလပြည်သားတို့သည်အခြား ဘုရားများကိုကိုးကွယ်၍ ရုပ်ပွားဆင်းတုတို့ အားစပျစ်သီးခြောက်များကိုပူဇော်ဆက်သ ကြသော်လည်း၊ ငါသည်သူတို့ကိုချစ်တော်မူ သည်နည်းတူသင်သည်ထိုမိန်းမကိုချစ်ရ မည်'' ဟုမိန့်တော်မူ၏။
2. ထို့ကြောင့်ငါသည်ငွေသားတစ်ဆယ့်ငါးပြား နှင့်မုယောဆန်ခုနစ်တင်းပေး၍သူ့ကိုရွေး ယူသည်။-
3. ``သင်သည်ပြည့်တန်ဆာအလုပ်ကိုမလုပ်၊ အခြားသူနှင့်မဖောက်ပြန်ဘဲငါ့အား ကြာမြင့်စွာစောင့်ဆိုင်းနေရမည်။ ငါသည် လည်းစောင့်ဆိုင်းနေမည်'' ဟုသူ့အားပြော၏။-