3. ထိုအကျင့်များကိုမစွန့်လျှင်ငါသည်သူ၏ အဝတ်ကိုချွတ်၍ သူမွေးသည့်နေ့ကကဲ့သို့ အဝတ်အချည်းစည်းရှိစေမည်၊ သူ့အားသွေ့ ခြောက်၍အသုံးမကျသောလွင်ပြင်ကဲ့သို့ ဖြစ်စေသဖြင့် သူသည်ရေငတ်၍အသက် ဆုံးရလိမ့်မည်။-
4. သူ၏သားသမီးတို့သည်ပြည့်တန်ဆာမ ၏သားသမီးများဖြစ်လာကြသောကြောင့် ငါသည်သူတို့အားသနားကြင်နာမည် မဟုတ်။-
5. သူတို့မိခင်သည်သစ္စာမဲ့လျက်သူတို့အား အရှက်မဲ့စွာမွေးဖွားခဲ့၏။ သူကိုယ်တိုင် က``ငါ့အားစားစရာအစာရေစာ၊ သိုး မွေး၊ ချည်နှင့်သံလွင်ဆီ၊ စပျစ်ရည်ကို ပေးသောချစ်သူတို့နောက်သို့ငါလိုက် မည်'' ဟုဆို၏။
6. သို့ဖြစ်၍ငါသည်သူမထွက်နိုင်ရန်ဆူး စည်းရိုးခတ်၍ လမ်းရှာမတွေ့နိုင်ရန်တံ တိုင်းဖြင့်ကာရံထားမည်။-
7. သူသည်ချစ်သူတို့နောက်သို့ပြေးလိုက်သော် လည်းမီမည်မဟုတ်၊ ရှာသော်လည်းတွေ့မည် မဟုတ်၊ ထိုအခါသူက``ငါသည်ခင်ပွန်း ဟောင်းထံသို့ပြန်မည်။ ငါသည်ခင်ပွန်းသစ် နှင့်ပေါင်းသင်းနေထိုင်ရသည်ထက် ခင်ပွန်း ဟောင်းနှင့်ပေါင်းသင်းနေထိုင်ရသည်က ပို၍ကောင်းသည်'' ဟုဆိုလိမ့်မည်။
8. သူသည်ဗာလဘုရားကိုဝတ်ပြုရာ၌ ပူဇော်ဆက်သသောဂျုံစပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ ရွှေနှင့်ငွေတို့ကိုငါ့ထံမှရရှိ သည်ဟုသူမသိ။-
9. သို့ဖြစ်၍ငါသည်ကောက်ရိတ်သိမ်းချိန်တွင် ငါ၏ဂျုံစပါးနှင့်စပျစ်ရည်ကိုလည်း ကောင်း၊ သူဝတ်ရန်ငါပေးထားသောသိုးမွေး နှင့်ချည်ကိုလည်းကောင်းပြန်၍သိမ်းယူမည်။-
10. ငါသည်သူ၏ချစ်သူများရှေ့တွင်သူ၏ အဝတ်ရှိသမျှကိုချွတ်ပစ်မည်။ ငါ၏လက် တွင်းမှသူ့အားမည်သူမျှမကယ်နိုင်။-
11. သူ၏နှစ်စဉ်ပွဲတော်နှင့်လစဉ်ပွဲတော်များ၊ ဥပုသ် နေ့ပွဲတော်များစသောဘာသာရေးအစည်း အဝေးရှိသမျှတို့ကိုငါရပ်စဲစေမည်။-
12. သူ၏ချစ်သူများကသူ့အားလက်ဆောင် အဖြစ်ပေးသည်ဟုဆိုသောစပျစ်ပင်နှင့် သဖန်းပင်များကိုငါဖျက်ဆီးမည်။ ငါသည် သူ၏စပျစ်ခြံနှင့်သစ်သီးခြံတို့ကိုသားရဲ များကိုက်ဖြတ်ဖျက်ဆီးသဖြင့် ချုံနွယ်ပိတ် ပေါင်းထူသောအရပ်ဖြစ်စေမည်။-