ဟော​ရှေ 2:11-23 Common Language Bible (BCL)

11. သူ​၏​နှစ်​စဉ်​ပွဲ​တော်​နှင့်​လ​စဉ်​ပွဲတော်​များ၊ ဥ​ပုသ် နေ့​ပွဲ​တော်​များ​စ​သော​ဘာ​သာ​ရေး​အ​စည်း အ​ဝေး​ရှိ​သ​မျှ​တို့​ကို​ငါ​ရပ်​စဲ​စေ​မည်။-

12. သူ​၏​ချစ်​သူ​များ​က​သူ့​အား​လက်​ဆောင် အ​ဖြစ်​ပေး​သည်​ဟု​ဆို​သော​စ​ပျစ်​ပင်​နှင့် သ​ဖန်း​ပင်​များ​ကို​ငါ​ဖျက်​ဆီး​မည်။ ငါ​သည် သူ​၏​စ​ပျစ်​ခြံ​နှင့်​သစ်​သီး​ခြံ​တို့​ကို​သား​ရဲ များ​ကိုက်​ဖြတ်​ဖျက်​ဆီး​သ​ဖြင့် ချုံ​နွယ်​ပိတ် ပေါင်း​ထူ​သော​အ​ရပ်​ဖြစ်​စေ​မည်။-

13. သူ​သည်​ငါ့​ကို​မေ့​လျော့​ပြီး​လျှင်​ဗာ​လ ဘု​ရား​အား​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော် လျက် ရွှေ​ငွေ​တန်​ဆာ​များ​ကို​ဝတ်​ဆင်​၍ ချစ်​သူ​များ​နောက်​သို့​လိုက်​သည့်​အ​ခါ​များ အ​တွက်​သူ့​အား​ငါ​ဒဏ်​ခတ်​မည်။ ဤ​ကား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စကား​ဖြစ်​၏။

14. သို့​ဖြစ်​၍​ငါ​သည်​သူ့​ကို​တော​ကန္တာ​ရ​သို့​တစ် ဖန်​ခေါ်​ဆောင်​၍ ထို​နေ​ရာ​၌​ငါ့​ထံ​သို့​ပြန် လာ​ရန်​မေတ္တာ​စ​ကား​ဖြင့်​ဆွဲ​ဆောင်​မည်။-

15. သူ​၏​စ​ပျစ်​ခြံ​များ​ကို​လည်း​ပြန်​လည်​ရှင် သန်​စေ​၍ အာ​ခေါ်​ဟူ​သော​ဒုက္ခ​ချိုင့်​ဝှမ်း​ကို မျှော်​လင့်​ရာ​တံ​ခါး​ဖြစ်​စေ​မည်။ သူ​သည် အ​သက်​အ​ရွယ်​ငယ်​စဉ်​အီ​ဂျစ်​ပြည်​မှ​ထွက် လာ​သော​အ​ခါ​က​ကဲ့​သို့ ငါ့​အား​မေတ္တာ​တုံ့ ပြန်​လိမ့်​မည်။-

16. ထို​အ​ခါ​သူ​သည်​ငါ့​အား​ဗာ​လ​ဟု​မ​ခေါ် တော့​ဘဲ​ခင်​ပွန်း​ဟု​တစ်​ဖန်​ခေါ်​လိမ့်​မည်။-

17. သူ​သည်​ဗာ​လ​ဟူ​သော​အ​မည်​ကို​သူ​၏​နှုတ် မှ​ဖယ်​ရှား​မည်၊ နောက်​တစ်​ဖန်​မ​ခေါ်​စေ​ရ။-

18. ထို​အ​ခါ​ငါ​သည်​သား​ရဲ၊ ငှက်​အ​ပေါင်း​တို့ နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​၍၊ ဋ္ဌား၊ လေး​မြား​နှင့်​စစ်​ပွဲ များ​ကို​တိုင်း​နိုင်​ငံ​မှ​ဖယ်​ရှား​သ​ဖြင့် ငါ​၏ လူ​မျိုး​တော်​သည်​အေး​ချမ်း​လုံ​ခြုံ​စွာ​နေ ထိုင်​ရ​ကြ​လိမ့်​မည်။

19. ဣ​သ​ရေ​လ၊ငါ​သည်​သင့်​အား​ဇ​နီး​အ​ဖြစ် သိမ်း​ပိုက်​မည်။ သင့်​အ​ပေါ်​၌​ငါ​၏​သစ္စာ​ခိုင်​မြဲ​မည်။သင့်​အား​မေတ္တာ​က​ရု​ဏာ​ထား​၍​တ​ရား​ဝင် ဇ​နီး​အ​ဖြစ်​ရာ​သက်​ပန်​သိမ်း​ပိုက်​မည်။

20. ငါ​၏​က​တိ​သစ္စာ​နှင့်​အ​ညီ​သင့်​ကို​ငါ​သိမ်း ပိုက်​မည်။သင်​သည်​ငါ့​ကို​ထာ​ဝ​ရ​ဘု​ရား​အ​ဖြစ် အ​သိ​အ​မှတ်​ပြု​လိမ့်​မည်။

21-22. ထို​အ​ခါ​၌​ငါ​၏​လူ​မျိုး​တော်ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​မည်။ငါ​သည်​မြေ​ကြီး​ပေါ်​တွင်​မိုး​ကို​ရွာ​စေ​သ​ဖြင့်မြေ​ကြီး​မှ​စ​ပါး၊ စ​ပျစ်​သီး​နှင့်​သံ​လွင်​သီး များ သီး​လိမ့်​မည်။

23. ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ကို​ပြည်​တော်​တွင်​နေ ထိုင်​စေ​၍ သူ​တို့​အား​ကြီး​ပွား​တိုး​တက်​စေ​မည်။ငါ​သည်``မေတ္တာ​မဲ့'' နာ​မည်​ခံ​သူ​တို့​ကို ချစ်​ခင်​မြတ်​နိုး​မည်။``ငါ​၏​လူ​မျိုး​တော်​မ​ဟုတ်'' နာ​မည်​ခံ​သူ​တို့​ကိုငါ​က`သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​သည်' ဟု မိန့်​တော်​မူ​၍သူ​တို့​က``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏ ဘု​ရား​သ​ခင် ဖြစ်​သည်'' ဟု​ပြန်​၍​လျှောက်​ထား​ကြ​လိမ့်​မည်။

ဟော​ရှေ 2